Follow Now......!

Showing posts with label GMail. Show all posts
Showing posts with label GMail. Show all posts

Tuesday, August 7, 2012

Gmail Accounts ယူနည်း

ဒီနည်းက အများသုံး အင်တာနက်ဆိုင် ဒါမှမဟုတ် ကိုယ်သိချင်တဲ့လူရဲ့ account ကို ကွန်ပျူတာနေ တစ်ဆင့် ခြေရာခံပြီး ယူလိုက်တာပါ တစ်ဖက်လူအတွက် နစ်နာပါတယ် သို့ပေမယ့် ဘော်ဒါများ gtalk ၀င်ရာတွင် အကောင့်များများ ရစေရန် ရည်ရွယ်ပြီး သကာလ ဒီပို့စ်ကို တင်ပေးလိုက်ပါတယ် သူများဆီက Gmail account ရဖို့ သူသုံးခဲ့တဲ့ ကွန်ပျူတာကို အသုံးပြုပြီး အောက်ပါအတိုင်း လုပ်ရမှာ ဖြစ်ပါတယ်
Fig.1 အရင်ဆုံး ကီးဘုတ်ကနေ Windows Key+R ခေါ်ပြီး run box ပွင့်လာရင် regedit လို့ ရိုက်ပြီး Ok နှိပ်ပါ
Fig 2.ပုံရဲ့ အောက်ဆုံးက လမ်းကြောင်းအတိုင်းသွားပါက အသုံးပြုသူများရဲ့ Gmail Accounts များကို ညာဘက်က အကွက်ထဲမှာ တွေ့ရမှာဖြစ်ပါတယ် သွားရမယ့်လမ်းကြောင်းက
Computer\HKEY_CURRENT_USER\Software\Google\Google Talk\Accounts  ပါ

                                                             Fig. 1
                                                             Fig. 2

Saturday, March 24, 2012

Gmail အကောင့်အသစ်ဖောက်ခြင်း 2012 II

ကျန်ခဲ့တဲ့နှစ်က Gmail အကောင့်အသစ်လုပ်ဖို့ဆိုရင် ခက်ပါတယ် ဒီနှစ်မှာတော့ လွယ်သွားပါပြီ ကျွန်တော် အရင် တုန်းက Gmail အကောင့်အသစ် လုပ်နည်း 2012 I တင်ခဲ့ပါသေးတယ် အခု လုပ်နည်းအသစ်တွေ့ထားပါတယ် လွယ်လွယ်လေးပါ ပထမဆုံး https://mail.google.com ကိုသွား ပြီးရင် အပေါ်က Create An Account ကိုနှိပ်ပါ၊ ရောက်သွားပြီဆိုရင် 
1.Name မှာ နာမည်ကို မြန်မာလို
2.Username ကြိုက်တာပေး
3.Male,Female အထိပေးသွားပါ
4.Mobile Phone No. ဆိုတဲ့နေရမှာ +95 ဆိုတဲ့နောက်ကနေ ကိုယ့်ဖုန်းနံပတ် ရှေ့က (09 ဖုန်းဆိုရင် 0 ကိုဖြုတ်ပြီး 9100xxxx ) ဖြည့်သွားပါ ဒါဆို +9599100xxxx ပေါ့
5.ကျန်တဲ့ ဟာတွေဖြည့်သွားပါ
6.Security Code ကို မှန်အောင်ရိုက်ပါ
7.Location မှာ Myanmar ဘဲထားပေးပါ 
8.I agree to the Google Terms Of Service and Privacy Policy မှာ အမှန်ခြစ်ပေးပါ
9.အကုန်လုံး ဖြည့်ပြီးပြီဆိုရင် Next Step ဆိုတာကိုနှိပ်ပါ
10.ဒါဆိုရင် Welcome xxx@gmail.com ဆိုတာပေါ်လာပြီ အကောင့်အသစ်ရသွားပါပြီ
 




အဆင်ပြေကြပါစေ

Sunday, February 19, 2012

GMail အကောင့်အသစ်ဖွင့်ခြင်း 2012

Google ကနေ သူ့ရဲ့ Gmail တွေကို စတိုင်ပြောင်းလေ့ရှိပါတယ်။ အခုပြောမှာက GMail အကောင့်အသစ် ဖွင့်နည်းလေးပါ။ မရှိသေးတဲ့သူတွေ အတွက် Good တာပေါ့၊ လုပ်နည်းကတော့ ကျွန်တော့် ဆရာနည်း အတိုင်း လိုင်းကောင်းတဲ့အချိန်မှာ ဗျင်းထားတာပါ။ ကံကောင်းရင် Vertification Code မတောင်းဘဲနဲ့တခါတည်း ရသွားနိုင်တယ် ၊ သူများ အကောင့်လုပ်ခိုင်းရင်လည်း လုပ်ပေးလိုက်ပေါ့၊ Google Chrome Browser နဲ့လုပ်ရင်ပိုကောင်းပါတယ် အောက်ကပုံအတိုင်း တစ်ဆင့်ခြင်း လုပ်သွားပါခင်ဗျာ
အရင်ဆုံး Address Bar မှာ https://mail.google.com ရိုက်ပြီး Create New Account နှိပ်ပါ။


၁။  Name မှာ နာမည်ကို မြန်မာလိုရိုက်ပါ
၂။  Email မှာ နှစ်သက်ရာကို ရိုက်ပါ
၃။  Male, Female ရွေးပါ
၎။  Mobile Phone ဆိုတဲ့နေရာမှာ United State ကိုရွေးပါ

 ၅။  Secondary Email မှာ  Email လိပ်စာအမှန်ထားပေးပါ
 ၆။  Security Code မှန်အောင်ရိုက်ပါ
 ၇။  Location မှာ United State ရွေးပါ
 ၈။  I agree to the Google Terms of Service and Privacy Policy မှာ အမှန်ခြစ်ပါ
 ၉။  အကုန်ဖြည့်ပြီးရင် Next Step ကို နှိပ်ချလိုက်ပါတော့
၁၀။ Browser မှာ Loading လုပ်တဲ့ပုံစံလေးက တစ်ပတ်လည်ပြီး နောက်ပြန်  တစ်ကြိမ်လည်ပြီး ရှေ့ကိုပြန်လည်သွားရင် ရပါပြီခင်ဗျာ အောက်ကပုံကို ရှုပါ

 အကောင့် အသစ်ရသည့်ပုံ

ပုံမှာမြင်ရတဲ့အတိုင်း အကောင့်အသစ်ရပါပြီခင်ဗျာ

ကဲ အခုဆိုရင် အားလုံးမြင်တဲ့အတိုင်း အကောင့်အသစ်ရပါပြီခင်ဗျာ၊ အဆင်ပြေကြပါစေ
 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India