Follow Now......!

Showing posts with label Guide. Show all posts
Showing posts with label Guide. Show all posts

Tuesday, May 14, 2013

Windows 8 တွင် ဆော့ဝဲမလိုဘဲ Screenshot ရိုက်နည်း

Windows 8 ရဲ့ interface ကတော့ အပျံစားပါ။
အခုဆိုရင် screenshot ရိုက်လို့ရတယ် အရင် windows တွေတုန်းက screenshot ဖမ်းချင်ရင်
keyboard က PrtSc (Print Screen) ကိုနှိပ်ပြီး Photoshop ဖြစ်ဖြစ် Paint ထဲမှာ သွားပြီး
Paste လုပ် ရလာတဲ့ပုံကို သိမ်းကြတယ်။
အခုတော့ အလန်းပါ
screenshot ဖမ်းချင်ရင် ကီးဘုတ်က Windows Key နဲ့ PrtSc ကိုတွဲနှိပ်လိုက်ရင် screen က
ခဏမှိန်သွားပါမယ်
ဖမ်းထားတဲ့ screenshot တွေကို ကြည့်ချင်ရင်တော့ My Document ထဲက
My Pictures ထဲမှာ တွေ့ရပါမယ်။


Thursday, October 4, 2012

How to delete google contacts (gtalk accounts)?

Gtalk ထဲကရော gmail ထဲက contacts တွေဖျက်ချင်ရင် ဘယ်မှာ ရှာရမှန်းလဲမသိဘူး ပိုဆိုးတာက android phone နဲ့ sync လုပ်လိုက်ရင် gtalk accounts တွေက ဖုန်း contacts နဲ့ ရောလာပါတယ် Google က gmail,gtalk ရဲ့ contacts တွေကို address တစ်ခုနဲ့ထား ထားပါတယ် google contacts တွေကို ဖျက်ဖို့ အရင်ဆုံး browser မှာ mail.google.com  ကို သွားပြီး ကိုယ့်ရဲ့ google account ကို sign in ၀င်လိုက်ပါ ပြီးသွားရင် www.google.com/contacts ကို သွားပြီး ကိုယ်ဖျက်ချင်တဲ့ gtalk accounts များကို စိတ်ကြိုက် ပြုလုပ်နိုင်ပါပြီ
Google Contacts - www.google.com/contacts

Saturday, March 31, 2012

Android OS 4 ကို Laptop မှာ တင်သုံးခြင်း

Android စနစ်ကို ကွန်ပျူတာ ပလက်ဖောင်းမှာ အလုပ်လုပ်ဖို့ တီထွင်ခဲ့ကြပါတယ်၊ Android ကို တင်သုံးပြီးတဲ့နောက်မှာ ကျွန်တော်တို့ wifi ရတဲ့ cafe လိုနေရာမျိုးသွားသုံးတဲ့ အခါ လူများနဲ့ မတူဘဲ ဟောလီးဝုဒ်ကားတွေထဲက ကွန်ပျူတာတွေလို ဒီဆိုင်းက အပျံစားဖြစ်နေမှာ ပြီးတော့ သူ့ရဲ့ music player ကလည်း အလွန်ကြည့်လို့ကောင်းတယ် wifi,bluetooth ရတယ် ခက်တာက cd ကနေ တက်ထားတယ်ဆို သွင်းထားဆော့ဝဲတွေက နောက်တစ်ခါ စနစ်ကို ပြန်စလိုက်ရင် မရှိတော့ပါဘူး ဟာ့ဒစ်ထဲ သွင်းထားရင် ဒီလိုမျိုးမဖြစ်တော့ပါဘူး၊ အဲဒီတော့ စမ်းသုံးကြည့်လိုက်ရအောင် အရင်ဆုံး စနစ်တစ်ခုလုံးကို ဒေါင်းလော့ဆွဲဖို့ ဒီမှာ နှိပ်ပါ၊ ပြီးရင် ဒေါင်းထားတဲ့ iso ဖိုင်ကို ကွန်ပျူတာကနေ boot တက်ရန်လုပ်ဖို့ UNetbootin ဆိုတဲ့ ဆော့ဝဲကို ဒီမှာ ဆွဲပြီး install လုပ်ပါ၊ Unetbootin ကိုဖွင့်ပါ အောက်မှာ ပုံနဲ့ရှင်းပြထားပါတယ်

ဆွဲထားတဲ့ iso ဖိုင်ကို ရွေးပေးပါ Type မှာ CD or Memory Stick နှစ်သက်ရာရွေးပါ
Typer မှာ CD ရွေးထားရင် CD အလွတ်တစ်ချပ် ထည့်ပြီး ဆက်လုပ်ပါ
Memory Stick ဆိုရင် Format ရိုက်ထားပါ
ပြီးသွားရင် exit ပေးပြီး စက်ကို shutdown လုပ်ပါ


ပါဝါဖွင့်ပြီးရင် ကီးဘုတ်ကနေ F2 or F12 နှိပ်ပြီးရင် boot ကနေ cd or usb stick 
ကိုယ်ရွေးထားတာကို ပေးပြီး  F10 နှိပ်ပြီး yes ပေးပါ ဒါဆို boot တက်သွားမယ်


ဒီနေရာမှာ cd ကနေ တက်မယ်ဆို ရပါတယ် စနစ်ကို တစ်ခါတည်းသွင်းချင်ရင်
 အောက်ဆုံးက install to hard disk လို့ရွေးပေးလိုက်ပါ ကျွန်တော်က အပေါ်ဆုံးက
စာတန်းဘဲရွေးပါမယ်၊ enter ခေါက်ပြီး ခဏစောင့်ပါ
ကွန်ပျူတာက လန်းသွားပြီ







Android Software,Game တွေကို Computer နဲ့ Install လုပ်ခြင်း

အခု Android Applications တွေကို PC Suite နဲ့ install လုပ်နည်းပြောမှာပါ တစ်ချို့တွေကလည်း တော်တော်သိနေပါပြီ၊ မသိသေးတဲ့လူတွေအတွက် တင်ပြပေးလိုက်ပါတယ်၊ Google ရဲ့ လည်ပတ်ရေး စနစ်က လူသုံးများလာပါပြီ အဲဒီတော့ ဂိမ်းတွေ ဆော့ဝဲတွေကို ကိုယ်တိုင်သွင်းတတ်အောင် ကြံကြမှာပါ၊ အရင်ဆုံး 91 Panda for Android ဆိုတဲ့ ဆော့ဝဲကို ဒီမှာ သွားဒေါင်းပါ ပြီးရင် Install လုပ်ပါ ပြီးရင် desktop ပေါ်က သူ့ရဲ့ shortcut ကို right click ထောက်ပြီး run as administrator (for windows 7) နဲ့ဖွင့်ပါ၊ ဖုန်းနဲ့ computer မချိတ်ခင်မှာ အရင်ဆုံး ဖုန်းထဲက setting>application>development> usb debugging ကို အမှန်ခြစ်ပေးထားပါ အောက်မှာ ပုံနဲ့ ရှင်းပြထားပါတယ်

             Unkown sources မှာ အမှန်ခြစ်ထားပါ
91 Panda PC Suite ရဲ့ language မှာ English ပြောင်းထားပါ၊ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်တဲ့အခါ
Install Driver လို့ပေါ်လာရင် Install လို့ပေးလိုက်ပါ
 ဒါဆိုရင် ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်သွားပါပြီ
ဆော့ဝဲသွင်းရန် အနီရောင်ကို နှိပ်ပါ

သွင်းထားတဲ့ ဆော့ဝဲကို ပြန်ဖြုတ်ချင်ရင် ဖြုတ်ချင်တဲ့ဆော့ဝဲကို select မှတ်ပြီး ပြန်ဖြုတ်ပါ
ကျန်တဲ့ function တွေကိုတော့ ကိုယ်တိုင်လေ့လာကြည့်ပါ
 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India