Follow Now......!

Monday, July 30, 2012

Android Jelly Bean Theme For Windows

Android Jelly Bean ရဲ့ စတိုင် Computer Theme လေးပါ အသွင်အပြင်အသစ်ကို ကြိုက်သူများ စမ်းသုံးနိုင်ပါတယ် Windows 7 32bit,64bit မှာသုံးလို့ရပါတယ် Install လုပ်ပြီး computer ကို restart လုပ်ပေးလိုက်ပါ
                                      Jelly Bean Theme On Windows Computer

Sunday, July 29, 2012

Internet Download Manager For PC

Internet Download Manager ကတော့ internet ကဖိုင်တွေကို download ဆွဲတဲ့နေရာ မှာနာမည်ကြီးပါဘဲ အသုံးပြုနည်းကတော့ သိပ်ပြောစရာမလိုပါဘူး လွယ်ကူပါတယ် Internet ပေါ်က Video တွေ Download ဆွဲချင်ရင် Flash Player,Update Browser တွေနဲ့ IDM လိုအပ်ပါတယ် အရင်ဆုံး IDM ကို ဒေါင်းလုပ်ဆွဲပါ ပြီးရင် install လုပ်ပါ ပြီးကျရင် IDM Patch ဆိုတာကို ဒေါင်းလုပ်ဆွဲပြီး ဖွင့်လိုက်ပါ အဲဒီမှာ box ကလေးကျလာရင် ကိုယ်ကြိုက်တဲ့နာမည်ကို ရိုက်ထည့်ပေးပါ ဒါဆိုရင် IDM က full version ဖြစ်သွားပါပြီ

Thursday, July 26, 2012

BSL Blog For Android

ကျွန်တော့်ရဲ့ website  www.bosunnylwin.blogspot.com ကို android ဖုန်းကနေ တစ်ဆင့် ကြည့်လို့ရမှာပါ ကောင်းတဲ့အချက်က browser မှာ သွားဖွင့်စရာမလိုတော့ပါဘူး ဖုန်းကနေ အင်တာနက်ချိတ်ထားရုံနဲ့ ကြည့်လို့ရသွားပါမယ် 

                                     Download BSL Blog Application For Android

Sunday, July 22, 2012

Android ဖုန်းမှာ GMail,Gtalk Google Apps ထည့်နည်း

Android ဟာ Google နဲ့ပက်သက်နေပါတယ် Google က သူ့ရဲ့ services တွေကို android phones တွေ မှာ ထည့်ပေးလေ့ရှိပါတယ် အသုံးဝင်တဲ့ Applications တွေကတော့ GMail,Gtalk,Google Map,Voice Search,Calendar နဲ့ Youtube တို့ဖြစ်ပါတယ် ဖုန်းထဲမှာ gtalk chat ချင်ရင် gtalk တွေကို ဒေါင်းလုပ်ဆွဲပြီး ဒီအတိုင်းထည့်လို့ မရပါဘူး system နောက်ကွယ်ကနေ အလုပ်လုပ်ပေးမယ့် google  contact sync adapter တို့ လိုအပ်ပါသေးတယ် အခုနောက်ပိုင်းထွက် Huawei ဖုန်းတွေနဲ့ တချို့ ဖုန်းတွေမှာ နဂိုကတည်းက Google Services Applications တွေ မပါတော့ဘူး သွင်းချင်ရင် recovery mode ကနေ၀င်ပြီး install လုပ်မှ သုံးလို့ရတော့တယ် ကိုယ်ဖုန်းရဲ့ recovery mode ကိုဝင်ချင်ရင် Google မှာ ဖုန်းမော်ဒယ်နဲ့ recovery mode လို့ရှာရိုက်ကြည့်ပါ
လုပ်ပုံလုပ်နည်း
ဖုန်းကို root လုပ်ထားရင် ပိုကောင်းပါတယ်
ဖုန်းရဲ့ recovery mode မှာ install zip from sd card ပါရပါမယ်
ကိုယ်ဖုန်းရဲ့ version နဲ့ ကိုက်မယ့် Google Applications တွေကို ဒေါင်းလုပ်ဆွဲပါ
ကိုယ်ဖုန်းနဲ့ဆိုင်တဲ့ Gapps ကို ဒေါင်းလုပ်ဆွဲ sdcard ထဲထည့်ပြီး ဖုန်းကို ပါဝါပိတ်လိုက်ပါ 
ပြီးရင် recovery mode ထဲဝင်ပါ
Select Install Zip From SDcard ကို Power Key နဲ. ရွေးပါ
အောက်ဆင်းချင်ရင် Volume Down နဲ.ဆင်းပါ
 choose zip from sdcard ရွေးပါ
ကိုယ်ဒေါင်းလုပ်ဆွဲထားတဲ့ဖိုင်ကို ရွေးပါ
Yes လို. ရွေးပေးလိုက်ပါ
Install From SDcard Complete လို.ပေါ်လာရင် သွင်းပြီးပါပြီ
Go Back နဲ.နောက်ပြန်သွားပါ
Reboot System Now ပေးပါ  
Phone က reboot ကျသွားပါမယ် ဖုန်းပြန်တက်လာရင် Google Services တွေ သွင်းထားတာကို တွေ့ရပါလိမ့်မယ်


Saturday, July 21, 2012

Proximity Talk v1.2 For Android

ဒီဆော့ဝဲက တော်တော်ကိုလန်းပါတယ် ဒီဆော့ဝဲကို သုံးဖို့ မိမိတို့ဖုန်းမှာ ဖုန်းလာရင် နားနားကပ်လိုက်ပါက screen ကို automatic ပိတ်ပေးတဲ့ အာရုံခံစနစ် (Proximity Sensor) ပါမှ သုံးလို့ရမှာပါ အသုံးဝင်ပုံကတော့
ဖုန်းဝင်လာရင်  answer ခလုတ်ကိုနှိပ်စရာမလိုပါဘူး နားနားကပ်လိုက်ရုံနဲ့ ဖြေပြီးသားဖြစ်မှာပါ နောက်ပြီး ကိုယ်မကိုင်ချင်တဲ့ဖုန်းဝင်လာရင် ဖုန်းကို မှောက်လိုက်ရုံနဲ့ တစ်ဖက်က ဖုန်းကို reject လုပ်ပေးလိုက်မှာပါ တခြားလုပ်ဆောင်ချက်တွေ အများကြီးပါပါတယ် ဆော့ဝဲကိုဖွင့်ပြီး Enable Proximity Sensor လို့ အမှန်ခြစ်ပေးလိုက်ရင် အသုံးပြုလို့ရပါပြီ
Download Proximity Talk>http://www.mediafire.com/?etohskpcpvn9d2q

The Dark Kinght Rises Games v1.0.6 For Android

နာမည်ကြီး Batman ဇာတ်ကားThe Dark Kinght Rises Games ဂိမ်း မိုဘိုင်းဖုန်းတွေ အတွက် ထွက်လာပါပြီ Batman ဂိမ်းတွေရဲ့ ထုံးစံအတိုင်း မိုးပေါ်ကခုန်ဆင်းတာတွေ လက်နက်ပုန်းနဲ့ပစ်ရတာတွေ ဆိုင်ကယ်စီးပြီး တိုက်ခိုက်ရတွေပါလာမှာပါ အလွန်ဆော့ကောင်းမှာတော့ အသေအချာပါဘဲ ဒီဂိမ်းကို ဆော့ဖို့ ဖုန်းကို root လုပ်ထားရပါမယ်  အရင်ဆုံး apk ဖိုင်ကို  install လိုက်ပါ ပြီးကျရင် ဒေါင်းလုပ်လုပ်ထားတဲ့ data ဖိုင် "com.gameloft.android.ANMP.GloftKRHM ကို SD Card အောက်က "sdcard/android/obb" မှာ နေရာချ ထားလိုက်ပါ ပြီးသွားရင် ဂိမ်းကို ဆော့လို့်ရပါပြီ


Metal Slug II & III For Android

ကျွန်တော်တို့ ငယ်ငယ်တုန်းက Play Station One စက်နဲ့ဆော့တဲ့ ရမ်ဘိုဂိမ်းလေး မိုဘိုင်းဖုန်းတွေ အတွက်ရောက်လာပါပြီ ဆော့ရတာတော့ တော်တော်ကောင်းပါတယ် ငယ်ငယ်တုန်းက အတိုင်းပါဘဲ တကယ့်ကို အက်ရှင်ဂိမ်းကောင်းတစ်ခုပါဘဲ ရန်သူတွေကို သေနတ်နဲ့ပစ်သတ်ရတာတွေ အရူးကြီးကို ကယ်လိုက်ရင် လက်နက်အဆန်းတွေ ထုတ်ပေးတာတွေ ဆိုင်ကယ်၊တင့်ကား၊လေယာဉ်ပျံ စီးပြီး တိုက်ခိုက်ရတွေနဲ့ တော်တော်ကို လန်းပါတယ် ဂိမ်းကောင်းလေးတစ်ခုပါဘဲ Metal Slug 3 ကို ဆော့မယ်ဆိုရင် data files ကို ဒေါင်းလုပ်ဆွဲဖို့ အင်တာနက်လိုအပ်ပါတယ်
Download Metal Slug 2>http://www.2shared.com/file/zZh4Hadi/Metal-Slug-II-v10-approbcom.html
Download Metal Slug 3 APK>


Friday, July 13, 2012

DX Battery Booster v1.4.1 Full Version

DX Battery Booster က စက်ရုပ်ဖုန်းအတွက် battery ချွေတာတဲ့နေရာမှာ တော်တော်ကောင်းပါတယ် 
Notification bar မှာ battery ဘယ်လောက်ကျန်လဲဆိုတာ ရာခိုင်နူန်းနဲ့ဖော်ပြပေးပါတယ် Long Mode,Night Modem,My Mode စသည်ဖြင့် ကိုယ်ကြိုက်သလို စိတ်ကြိုက်ပြင်ဆင်ခွင့်ပေးထားပါတယ် User Interface ကလည်း တော်တော်ကောင်းပါတယ် Screen ပေါ် weight တင်ပြီး one touch တို့လိုက်တာနဲ့ background မှာ run နေတဲ့ applications တွေကို ပိတ်လိုက်ပါတယ် လူကြိုက်များတဲ့ ဆော့ဝဲပါ version အသစ်ထွက်တိုင်း တင်ပေးပါမယ်

                                            Download DX Battery Booster

Thursday, July 12, 2012

Beats Audio Installer(Root) For Android

Beats နားကြပ်တွေက ဈေးကြီးတော့ အသံထွက်ပိုင်းမှာ အလွန်ကောင်းပါတယ် HTC ဖုန်းတွေမှာ Beats Audio Original ပါလာပါတယ် ကျန်တဲ့ Android ဖုန်းတွေမှာ Beats Audio သုံးချင်ရင် ဖုန်းကို root လုပ်ရထားပါမယ် ကျွန်တော် စမ်းကြည့်သလောက် Beats Audio သွင်းပြီးတဲ့နောက်မှာ အသံထွက် တော်တော် ကောင်းတာကိုတွေ့ရပါတယ် သွင်းပုံသွင်းနည်းကတော့ ရိုးရှင်းပါတယ် အညွှန်းအတိုင်းလုပ်သွားပါ နောက်ဆုံးမှာ ဖုန်းကို reboot လုပ်ခိုင်းပြီး ပြန်တက်လာရင် notification မှာ Beats Audio On ဆိုတာပေါ်နေရင် Beats Audio ကို သုံးလို့ရပါပြီ
Download Beats Audio Root 


 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India