Follow Now......!

Showing posts with label Myanmar Fonts Problem. Show all posts
Showing posts with label Myanmar Fonts Problem. Show all posts

Friday, April 5, 2013

Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့


 
 Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့
--------------------------------------------------------------------------------------------

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။အဲ့အတွက် Zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု
ကျနော်ပြောမယ့် နည်းလမ်းက Zawgyi ကော် Unicode ကော်ကို Font Setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့

Firefox Latest Version Download  ( http://www.mozilla.org/en-US/firefox/new/ )
GreaseMonkey firefox addon
Myanmar 3 font  Download ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_.zip )
MyanmarFontTagger( GreaseMonkey addon)

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။
အရင်ဆုံး Myanmar 3 font ကို Download ချပါ။ Install လုပ်ပါ။
ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို default အတိုင်းထားရပါမယ်။အဲ့အတွက်Tools>Options>Content ထဲက
Font setting မှာ Default font ကို TimeNewRomance ထားပေးပါ။
Advance မှာ proportional ကို Serif / Serif ကို Times New Roman ။
San-serif ကို Arial / Monospace ကို Courier New ထားပါ။
Default charcter encoding ကို Western(ISO-8859-1) ထားပါ။ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် OK နဲ့ထွက်ပါ။

GreaseMonkey addon သွင်းရပါမယ် အဲ့အတွက်
Firefox ရဲ့ Tools > addon ကိုသွားပါ။
Get addon ကိုရွေးပြီး Search box မှာ GreaseMonkey လို့ရိုက်ပါ။
ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။ firefox တက်လာရင် https://userscripts.org/scripts/show/103745ကိုသွားပါ။
ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။
အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။
Install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။ 
အားလုံးကိုအဆင်ပြေပြေ မြင်ရပါလိမ့်မယ်။
Zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။
Zawgyi ရော unicode ရော အားလုံးအဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။အဆင်ပြေပါစေခင်ဗျ။

BoBoAung(99poison)(ITN)
Credit to :  http://www.facebook.com/B0B0AUNG
 

Myanmar Unicode for Windows, Mac, Linux

အခုဆိုရင် Microsoft တို့ Google တို့က မြန်မာဘာသာစကားကို လူရာသွင်းလိုက်ပါပြီ
Windows 8 နဲ့ Apple ထုတ် Mountain Lion မှာဆိုရင် တရားဝင် မြန်မာယူနီကုတ်ဖောင့် ပါဝင်ပါတယ် နောက်ပြီး Facebook ကလည်း မြန်မာယူနီကုတ်ကို စာရင်းထဲ ထည့်လိုက်ပြီ နောက်ပိုင်းဆိုရင် Myanmar Unicode က မဖြစ်မနေသုံးရတော့မှာပါ။ Myanmar Unicode နဲ့ Zawgyi နဲ့ ကွာသွားတာက လက်ကွက်ပါဘဲ ဇော်ဂျီက ပုံမှန်ရုံးသုံးစာရိုက်သလိုဘဲ ကြောက် ဆိုရင် ကျောင်းမှာစာရေးသလို ပုံမှန်အတိုင်းရေးသွားလို့ရပါတယ် Unicode က အဲလို မဟုတ်ဘူး ကြောက် ဆိုရင် က+ြ    +ေ+ာ+င+့ +် လို့ရေးမှ ရပါတယ် ဟူးးးးးးးးး
Myanmar Unicode လက်ကွက်အတွက် Key Magic ဆော့ဝဲရှိပါတယ် 
Key Magic ရဲ့ ထူးခြားချက်က 
MM3
Padauk
Ayar
Zawgyi စသည်ဖြင့် လက်ကွက်မျိုးစုံ ထောက်ပံ့ပေးထားပါတယ်
Facebook သုံးတဲ့အချိန် ဇော်ဂျီလက်ကွက် ချိန်းပြီး
Blog ရေးတဲ့အချိန် unicode နဲ့ အမြန်ချိန်းနိုင်ပါတယ်

Key Magic ဆော့ဝဲက Windows, Mac & Linux OS တွေမှာ အသုံးပြုနိုင်ပါတယ်။

Key Magic ရဲ့ တရားဝင် လိပ်စာက http://keymagic.net



Sunday, February 17, 2013

Windows 8 ရဲ့ Google Chrome ကနေ Facebook မှာ Zawgyi Font မမြင်ရရင်

Online မှာတွေ့လို့ ပြန်မျှဝေပေးလိုက်ပါတယ် ကျွန်တော်လုပ်ထားတာ မဟုတ်ပါဘူးခင်ဗျာ။

ကျွန်တော်တို့ အားလုံးဟာ Browser ထဲမှာဆိုရင် Chrome ကိုပဲ အသုံးအများဆုံး ဖြစ်တယ်ဆိုတာ ငြင်းလို့မရ နိုင်ပါဘူး။ ဒါပေမယ့် Windows 8 မှာတော့ Facebook ကို Chrome Browser ကနေတစ်ဆင့် အသုံးပြုတဲ့အခါ Zawgyi Font ကိုမမြင်ရ ဖြစ်နေပါတယ်။  ဒီပြသနာကို ကျွန်တော်အခု ပြောတဲ့အတိုင်း ပြုလုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။
အရင်ဆုံး Zawgyi Font ကို Install လုပ် အခုပေးတဲ့ Path လမ်းကြောင်းကို Run ထဲမှာရိုက်ထည့်ပါ။

C:\Users\Fedora\AppData\Local\Google\Chrome\User Data\Default\User StyleSheets 
 


ဒီနေရာမှာ သတိထားရမှာက Users အောက်က Fedora ဆိုတဲ့နေရာမှာ ကိုယ့် PC ရဲ့နာမည် သို့မဟုတ် ကိုယ့် PC ရဲ့ User Name ကို ထည့်ရပါမယ်။ ပြီးတာနဲ့ User StyleSheets ဆိုတဲ့ Folder အောက်မှာ Custom ဆိုတဲ့ CSS File တစ်ခုကို မြင်ရပါလိမ့်မယ်။ အဲ့ဒီ Custom ဆိုတဲ့ file ကို right click နှိပ်ပြီး note pad နဲ့ဖွင့် အခုပေးတဲ့စာတွေကို copy ကူးယူပြီး paste လုပ်လိုက်ပါ။
 


* , html, body, div,p {font-family:Zawgyi-One !important;} 
 


ပြီးရင် အဲ့ဒီ Custom File ကို Save လုပ်လိုက်ပါ။ Save ပြီးပြီိဆိုရင်Chrome Browser ကိုပြန်သွားပြီး www.facebook.com ကိုထပ်သွား ကြည့်ပါ။ Zawgyi Font ကို မြင်ရပါပြီ။ အခုဆိုရင် Zawgyi Font ကို ရိုက်လို့ လည်းရပြီ ဖတ်လို့လည်း ရပါပြီ။ အားလုံး အဆင်ပြေ ကြလိမ့်မယ်လို့ ထင်ပါတယ်။ ရှာဖွေလေ့လာ နည်းပညာပေါ့....။


 IT4M (Fedora)

Friday, December 28, 2012

Windows 8 အတွက် မြန်မာဖောင့်

Windows 8 အတွက်ပါ ဒေါင်းပြီးရင် run လိုက်ရုံပါဘဲ အရင် ဇော်ဂျီ ဖောင့် သွင်းသလိုပါဘဲ
Mediafire password = 1001
Download Here

Thursday, September 27, 2012

Tagu plugin for firefox and google chrome

Tagu တန်ခူး ဆိုတာက ko satrungod ရေးသားထားတဲ့ browser plugin ပါ unicode နဲ့ရေးထားတဲ့ အင်တာနက်စာမျက်နာတွေကို ဖတ်နိုင်အောင်လို့ပါ facebook မှာ zawgyi နဲ့ရေးထားရင်လဲ ဖတ်လို့ရပြီး unicode နဲ့ရေးထားလဲ ဖတ်လို့ရပါတယ် google chrome နဲ့ mozilla firefox အတွက် ထုတ်ပေးထားပါတယ် အများအသုံးပြုလို့ရအောင် ကျွန်တော် မျှဝေးပေးလိုက်ပါတယ်
Browser plugin ကိုတော့ သွင်းတတ်မယ်လို့ထင်ပါတယ် 
အောက်ကလင့်တွေကိုသာ နှိပ်လိုက်ပါ 

Tuesday, August 21, 2012

Google Chrome မှာ မြန်မာ fonts မပေါ်ရင်

Google Chrome မှာ မြန်မစာ မပေါ်ရင် အောက်က ပေးထားတဲ့ fonts များကို windows fonts folder ထဲမှာ အရင်ဆုံး ကူးထည့်လိုက်ပါ။ Windows fonts folder ကို မဖွင့်တတ်ရင် ကီးဘုတ်ကနေ windows key+R တွဲနှိပ်ပြီး ဖွင့်လိုက်ပါ။ Google Chrome မှာ မြန်မာလို ပေါ်ဖို့ အောက်မှာ ပုံနဲ့တစ်ကွ ရှင်းပြထားပါတယ် အရင်ဆုံး လိုအပ်တဲ့ ဖိုင်များကို အောက်မှာ ဒေါင်းလိုက်ပါ။

                                OK ပေးလိုက်ရင် google chrome မှာ မြန်မာလို မြင်ရပါပြီ



Firefox မှာ မြန်မာစာ မမြင်ရရင်

Firefox browser မှာ မြန်မာစာလုံး fonts မပေါ်ရင် windows key+R တွဲနှိပ်ပြီး fonts လို့ရိုက်လိုက်ပါ။ 
Fonts folder ပေါ်လာရင် အောက်ကပေးထားတဲ့ fonts များကို copy ကူးပြီး ခဏက folder ထဲထည့်ပါ။ အားလုံးပြီးရင် firefox ကို ဖွင့်လိုက်ပါ။ Firefox Menu>Options>Content>Default Font မှာ Zawgyi-One လို့ရွေးပေးပါ ပြီးရင် Advanced ကိုနှိပ်ပြီး Default Character Encoding မှာ Unicode (UTF-8) လို့ရွေးပြီး ok ပေးလိုက်ပါ။ ဒါဆို firefox browser မှာ မြန်မာလို ရေးထားတဲ့ website များကို ကောင်းကောင်း ဖတ်နိုင်မှာ ဖြစ်ပါတယ်။
Download Firefox Here

 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India