Follow Now......!

Showing posts with label Hardware ဆိုင်ရာ. Show all posts
Showing posts with label Hardware ဆိုင်ရာ. Show all posts

Sunday, August 19, 2012

Hard Drive အကြောင်း

Hard Disk Drive
Hard Drive များကို ကွန်ပျူတာတွေ ပေါ်ကတည်းက သုံးနေကြပါပြီ။ အလွန်ရှေးကျတဲ့ hard drive ဘိုးအေ ကြီးတွေကိုတော့ ကျွန်တော်လည်း မမြင်ဖူးဘူး။ Hard Drive ဆိုတာက data ဖိုင်တွေကို သိမ်းဆည်းလို့ရအောင် လုပ်ထားတဲ့ device တစ်ခုပါ။ ကွန်ပျူတာ ပုံးထဲ ကြည့်လိုက်ရင် အထူ တစ်လက်မလောက် ရှိတဲ့ လေးထောင့် အပြားကြီးက hard drive ပါဘဲ။ Laptop HDD တွေက သေးသေးလေးပါ။ Hard Drive က ကွန်ပျူတာ အတွက် အလွန်အရေးကြီးတဲ့ အပိုင်းပါ ကိုယ်သိမ်းချင်တဲ့ ဖိုင်တွေ data တွေကို hard drive ထဲမှာ သိမ်းဆည်းကြပါတယ်။ Hard Drive မရှိရင် ကွန်ပျူတာ တစ်လုံး လည်ပတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Hard Drive ကတော့ တိုတိုပြောရရင် storage device တစ်ခုပါဘဲ Micro SD,SD Card တို့လို့ပေါ့။ ဒါပေမယ့် သူက သိုလှောင်နိုင်တဲ့ စွမ်းအားပိုမြင့်ပါတယ်။ နောက်ပြီး HDD တွေလည်ပတ်တဲ့နူန်း RPM(Revolution Per Minutes) များလေ ပိုကောင်းလေပါဘဲ။ Desktop HDD တွေက ပုံမှန် 7200RPM နဲ့ စွမ်းရည်မြင့် Laptop HDD တွေက ပုံမှန် 5400RPM နဲ့ 7200RPM အသီးသီး ရှိပါတယ်။ လက်ရှိ hard drive များကို GB(Gigabyte), TB(Terabyte) စတဲ့ သိုလှောင်နိုင်တဲ့ ပမာဏနဲ့ hard drive ထုတ်တဲ့ company များက ထုတ်လုပ်ရောင်းချပါတယ်။ အနာဂတ်မှာ လူတွေဟာ hard drive ထက် ပေါ့ပါးပြီး သိုလှောင်နိုင်စွမ်း ပိုမြင့်တဲ့ SSD (Solid State Drive) တို့ကို သုံးပါလိမ့်မယ်။ SSD တွေက circuit ပြားတွေနဲ့ data သိမ်းတာမို့လို့ HDD တွေထက် အကြမ်းခံပါတယ် ။

Hard Drive တွေဘယ်လို အလုပ်လုပ်သလဲ?
Hard Drive က data တွေကို သိုလှောင်နိုင်တဲ့ storage device တစ်ခုပါ။ Hard Drive အတွင်းပိုင်းကို ၀င်ကြည့်ရင် ရှေးတုန်းက ဓာတ်စက်ပြားတွေလို အပေါ်က အတံလေးက အောက်က အ၀ိုင်းပြားလေးကို ထောက်ထားတာကို တွေ့ရမှာပါ။အဲဒီ အပြားလေးတွေက hard drive ကို ပါဝါပေးလိုက်တဲ့ အချိန် အပေါ်က အတံ (Head Arm) နဲ့ သွားရောက် ထိတွေ့လည်ပတ်ပြီး data များကို platter(ပလိတ်ပြား) track ပေါ်မှာ သွားရောက် သိမ်းဆည်း ရေးသားပေးပါတယ်။ Hard Drive ရဲ့ အစိတ်အပိုင်းတွေက လေ့လာမယ်ဆိုရင် အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Hard Drive ကို ဖြုတ်ဖို့အတွက် သက်သက် screw (၀က်အူလှည့်) ရှိပါတယ် ဖြုတ်ပြီး ကိုယ်တိုင် လေ့လာနိုင်ပါတယ်။

Hard Drive ကို ဘယ်လို ထိန်းသိမ်းမလဲ?
Hard Drive က အတွင်းပိုင်းမှာ ပလိတ်ပြားတွေ လည်ပတ်နေရတဲ့အတွက် အပူများပြီး ကြာကြာသုံးရင် ပျက်စီးနိုင်ပါတယ်။ Hard Drive တစ်လုံးကို ကောင်းကောင်းသုံးချင်ရင် hard drive ကို အအေးပေး ပန်ကာတပ်ထား တပ်ထားပါ။ Computer ကို တစ်နေကုန်ဖွင့်ခြင်း ရှောင်ကြဉ်ပါ။ နောက်တစ်ခုက software ပိုင်းနဲ့ ဆိုင်ပါတယ် ကိုယ်က Hard Drive ထဲမှာ ဖိုင်တွေ အများကြီး သိမ်းထားရင် Hard Drive က လေးလာပါတယ်။ ကိုယ့်ကွန်ပျူတာက Memory နည်းရင် Operating System အတွက်ရော virtual memory ရော space ခွဲဝေပေးရတဲ့ အတွက် hard drive ပေါ်မှာ data တွေ အများကြီးနေရာ ယူလာပါတယ်။ အကောင်းဆုံးက Hard Drive ကို နှစ်လ တစ်ခါလောက် Defragment လုပ်ပေးပါ။ Defraggler လို အခမဲ့ ရတဲ့ဆော့ဝဲတွေက ကိုယ့် hard drive ကို အကောင်းဆုံး ထိန်းသိမ်းပေးပါတယ်။ နောက်တစ်ခုက Hard Drive ပေါ်မှာ ဖိုင်သိမ်းတာများရင် အနည်းဆုံး ကိုယ့် Hard Drive ပမာဏရဲ့ 10 % လောက်ကို free space ချန်ထားပေးပါ ဒါမှ Operating System ကောင်းကောင်း လည်ပတ်နိုင်မှာပါ။ Busy Man တွေက windows computer သုံးရင် shutdown လုပ်ဖို့ ပျင်းကြပါတယ် Hibernate သုံးပြီး စက်ဖွင့်တာမြန်အောင် သုံးကြပါတယ် ရေရည်မှာ မကောင်းပါဘူး Hibernate သုံးနေကြဆိုရင် သုံးရက် တစ်ခါလောက် ကွန်ပျူတာကို shutdown လုပ်ပေးသင့်ပါတယ် ။


Hard Drive ပျက်မပျက် ဘယ်လိုသိမလဲ?
အထက်က အကြောင်းတွေကို စဉ်းစားပြီးတဲ့နောက်မှာ Hard Drive တွေကို ဘယ်လိုကိုင်တွယ် ရမလဲဆိုတာ သဘောပေါက်ကြ ပါလိမ့်မယ်။ ပုံမှန်အားဖြင့် hard drive တွေကို စနစ်တကျသုံးရင် ဆယ်စုနှစ် တစ်ခုလောက် ကောင်းကောင်း အလုပ်လုပ်ပါတယ်။ Hard Drive ပျက်ရင် OS(Operating System) စတင်တဲ့အချိန်မှာ ခဏခဏကျပါတယ် (Windows မတက်တာလို့လဲ ခေါ်ပါတယ်)။ ဒါမှမဟုတ် IDE(Integrated Drive Electronics),SATA(Serial ATA) ကြိုး လွတ်နေရင်  စက်စဖွင့်ခြင်း BIOS(Basic Input or Output System) က Hard Drive နေရာမှာ ကွက်လပ်ပြပါတယ် ။ IDE,SATA ကြိုးပြန်တပ် ကြည့်ပြီးမှ စက်မတက်ရင် bios ထဲဝင်ပြီး boot မှာ first boot က hard drive ကို ရွေးထားလားကြည့်ပါ။ First boot မှာ hard drive ရွေးပြီး boot မတက်ရင်တော့ hard drive ကို ဖြုတ် နားနားကပ်ပြီး ခါကြည့်ပါ။ Hard Drive ထဲမှာ အသံပလံတွေ ကြားနေရရင် ပျက်ဖို့က သေချာနေပါပြီ ။ တခြား ကွန်ပျူတာမှာ ကိုယ့် hard drive လဲတပ်ပြီး စမ်းကြည့်ပါ အဲဒီမှာ boot မတက်ရင်တော့ hard drive အသစ်တစ်လုံး လဲတပ်လိုက်ပါ။ နောက်ပိုင်းမှာ ခေါင်းရှုပ်မခံချင်ရင် hard drive ထက် ပိုအကြမ်းခံတဲ့ ပိုသေးတဲ့ SSD (Solid State Drive) တွေကို သုံးသင့်ပါတယ်။

HDD အကြောင်း ပိုပြီး သိချင်ရင် ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
SSD  အကြောင်း ပိုပြီး သိချင်ရင် ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Thursday, August 16, 2012

Computer Memory or RAM

Computer Memory or RAM အကြောင်း
Computer Memory များကို မြန်မာလို မန်မိုရီကတ်လို့ အလွယ်ခေါ်ကြပါတယ်။ Memory နှစ်မျိုးရှိပါတယ် RAM (Random Acess Memory) နဲ့ ROM (Read Only Memory ) ပါ ပုံမှန်ကြည့်လိုက်ရင်တော့ အဓိပါယ် တူတယ်လို့ထင်ပေမယ့် တကယ်တန်းမတူပါဘူး။ Computer မန်မိုရီကတ်လို့ အလွယ်ခေါ်တဲ့ RAM ဟာ data များကို ROM ကဲ့သို့ မသိုလှောင်နိုင်ပါဘူး။ RAM က SD card တို့ Hard Drive တို့ Memory Stick တို့လို့ data များကို မသိုလှောင်နိုင်ဘဲ ကွန်ပျူတာကို ပါဝါပေးမှ data တွေကို မှတ်သားနိုင်တာပါ ပါဝါပိတ်လိုက်ရင် မှန်ထားတဲ့ data တွေမရှိတော့ပါဘူး ယာယီအလုပ်လုပ်တဲ့ memory အမျိုးအစားပါ။ ROM ကတော့ ရှင်းပါတယ် ပါဝါပိတ်ပိတ် မပိတ်ပိတ် မှတ်ထားတဲ့ data တွေကို အမြဲသိမ်းထားနိုင်ပါတယ်။ Memory stick,Phone Memory,SD card တို့ဆိုတာ ROM အမျိုးအစားပါ။ အခု အသုံးပြုနေကြတဲ့ RAM ကတော့ DDR,DDR 2 ,DDR 3 အမျိုးအစားတွေပါ။ DDR 3 ကတော့ အခုအချိန်မှာ အမြင့်ဆုံး Memory အမျိုးအစားပါဘဲ။ လူတွေ သုံးခဲ့ကြတဲ့ Memory အမျိုးအစားတွေကို အောက်မှာ ဖော်ပြထားပါတယ်။ RAM အမျိုးအစား များစွာရှိပါတယ် သို့သော် Computer ဖြစ်ဖြစ် Phone ဖြစ်ဖြစ် အခြေခံ သဘော တရားများကတော့ အတူတူပါဘဲ။ROM အမျိုးအစားများမှာ PROM (Programble ROM),EPROM (Erasable Programmable ROM),EEPROM (Electrically Erasable Programmable) ဖြစ်ပါတယ်။ RAM အမျိုးအစားများမှာ SRAM,DRAM,Standard DRAM,DDR SDRAM,DDR (Double-Data-Rate) {DDR2,DDR3} တို့ဖြစ်ပါတယ်။
 Computer RAM or Memory Card
Type of Computer Memory Cards

Memory or RAM တွေဘယ်လို အလုပ်လုပ်သလဲ?
Memory တွေက ကိုယ်ခိုင်းလိုက်တဲ့ အလုပ်တွေကို motherboard ပေါ်ကနေ ဟိုပြေး ဒီပြေး ပြီး သက်ဆိုင်ရာ နေရာတွေဆီကို အချက်အလက်တွေ ပို့ပေးပါတယ်။ သူက ယာယီမှတ်ညာဏ်အမျိုးအစားပါ ဥပမာ သင်္ချာတစ်ပုဒ်ကို ကိုယ်က ကွန်ပျူတာကို တွက်ခိုင်းမယ်ဆိုရင် CPU က တွက်ပြီး RAM တွေကို တွက်ထားတဲ့ အချက်အလက်တွေကို Monitor ကနေတစ်ဆင့် user ကိုဖြော်ပပေးပါတယ်။ ကိုယ်က အဲဒီ သင်္ချာပုစ္စာကို သိမ်းထားချင်ရင် ROM လို့ခေါ်တဲ့ Hard Drive ပေါ်မှာ သိမ်းဆည်းဖို့ RAM တွေက အချက်အလက်တွေကို CPU မှ တစ်ဆင့် Hard Drive ထဲ ထည့်ပေးလိုက်ပါတယ်။ ရှင်းရှင်းပြောရရင် RAM တွေက ပွဲစားတွေလိုပါဘဲ Computer ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အလုပ်လုပ်ဖို့ ကြားကနေ ကူညီပေးတာပါ။ Computer power ပိတ်လိုက်ရင်တော့ RAM တွေ လုပ်ဆောင်ခဲ့တဲ့ (မှတ်ထားခဲ့တဲ့) အလုပ်တွေ အားလုံးပျက်သွားမှာပါ။ ကိုယ့်ကွန်ပျူတာကို ကောင်းကောင်းသုံးချင်ရင် RAM or Memory Card ကို များများသုံးသင့်ပါတယ်။
                                                 How Computer's RAM Work

RAM or Memory Card ကို ဘယ်လို ထိန်းသိမ်းမလဲ?
Memory Card တွေက တော်ရုံဆို မပျက်လွယ်ပါဘူး။ သို့သော် ကိုယ့်စက်မှာ memory card ဘယ်လောက် သုံးထားလဲ သိချင်ရင် windows computer ဆိုပါက my computer ကို right click ပေး properties မှာ သွားကြည့်လို့ရပါတယ်။ အခုလက်ရှိ ကွန်ပျူတာ တစ်လုံးဟာ အနည်းဆုံး Memory 2GB ပမာဏရှိရမှာပါ။ ဒါမှ ဂိမ်းများ Program များကို ကောင်းကောင်း run နိုင်မှာဖြစ်ပါတယ်။ ကိုယ်က memory နည်းနည်းနဲ့ ဂိမ်းအကြီးတွေ program အကြီးစားတွေကို စက်ဟန်းတဲ့အထိ သုံးနေမယ်ဆိုရင် ရေရည်မှာ သုံးနေတဲ့ Operating System ရော memory card တွေရော စွမ်းဆောင်ရေ နိမ့်ကျလာပါမယ်။ အကောင်းဆုံးက Memory Card များလေ ကောင်းလေပါ။ တစ်ခုရှိတာက သင်ဟာ Windows 7 32 bits သုံနေတယ်ဆိုရင် သူလက်ခံနိုင်တဲ့ memory ပမာဏက အများဆုံး 4GB သာ လက်ခံနိုင်ပါတယ်။ Windows 7 64 bits သုံးရင် သီအိုရီအရ 128GB လောက် အသုံးပြုနိုင်ပါတယ်။ Windows 8 ကျရင်တော့ Memory များများ သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ memory ပမာဏကို ချိန်သုံးရင် ram ပျက်ဖို့ဆိုတာ မလွယ်ပါဘူး။
Desktop Computer မှာသုံးတဲ့ RAM ပါ 

Laptop Computer မှာသုံးတဲ့ RAM ပါ
ၹ
RAM or Memory Card ပျက်မပျက် ဘယ်လိုသိလဲ?
Computer Service သမားများ စက်မတက်တော့ဘူးဆိုရင် ဘာပြဿနာလဲ ဆိုတာ အဖုံးဖွင့်ပြီး အရင် စစ်ဆေးကြပါတယ်။ RAM or Memory Card က motherboard slot မှာ ချောင်နေရင် computer ကို power on လိုက်တာနဲ့ တီ..တီ..တီ.. လို့မည် ပြီး အချက်ပေးပါတယ်။ Slot မှာ Memory Card ကို ကောင်းကောင်း ပြန်တက်ပေးလိုက်ရင် ကောင်းသွားပါပြီ။ နောက်တစ်ခု က RAM ပျက်သွားရင် တခါတလ Windows မတက်ပါဘူး။ တစ်ခုက RAM မပျက်ဘဲ motherboard ပျက်တတ်ပါတယ်။ ကိုယ်က memory card ပျက်တယ်လို့ သံသယရှိရင် card ကို ဖြုတ်ပြီး အမျိုးအစားတူ motherboard မှာ တပ်ကြည့်ပြီးမှ အဲဒီစက်ပါ boot မတက်ရင် သေချာပေါက် memory card ပျက်ပါပြီ ။ ဒီလိုလေးစမ်းကြည့်ပါ memory card ရဲ့ အောက်ဆုံး အနားလေးတွေကို ခဲဖျက်နဲ့ ဟိုဘက်ဒီဘက် သေချာ ပွတ်တိုက်ပေးပြီး ပြန်တပ်ကြည့်ပါ တစ်ခါတစ်လေ ပြန်ကောင်းတတ်ပါတယ်။ သတိပြုရမှာက memory card ရဲ့ အောက်ဆုံး အနားလေးတွေမှာ တစ်ချို့အတုံးလေးတွေက မဲနေတတ်ပါတယ်။ ဒါဆို အဲဒီကတ်က ပျက်ဖို့ သေချာနေပါပြီ အဲလိုဖြစ်ရင် memory card အသစ်ကို ၀ယ်တပ်ပါလို့ အကြံပေးချင်ပါတယ်။ 
                                          Computer Memory Card's slots

                                  Memory Card ကို slot မှာတပ်ရင် လက်နှစ်ဖက်နဲ့
                           ဘေးနားက အဖြူရောင် ကလစ်လေးတွေ သေချာ ဖိတပ်ပေးရပါမယ်

Computer RAM အကြောင်းကို ပိုသိချင်ရင် ဒီမှာ ဖတ်ရှုပါ
 

Monday, August 13, 2012

CPU or Processor အကြောင်းပါ

Central Processing Unit CPU or Processor
CPU လို့ခေါ်တဲ့ microprocessor များကို အဓိက ထုတ်လုပ်တဲ့ company များမှာ Intel,AMD တို့ဖြစ်ပါတယ် တိုတိုဘဲရှင်းပြပါမယ် CPU များကို ကွန်ပျူတာရဲ့ ဦးနှောက်လို့ တင်စားကြပါတယ်။ဒီနေ့ခေတ် cpu များဟာ တွက်ချက်မှုပိုင်းမှာ ပိုမိုမြင့်မားလာပါတယ် ဥပမာ သင်္ချာ ပရိုဂရမ် တစ်ခုကို ကွန်ပျူတာနဲ့ လူနဲ့ အပြိုင်တွက်ချက်ရင် ကွန်ပျူတာက ရလဒ်ကိုအရင်ဆုံးဖော်ပြပါတယ် ဒါဟာကောင်းတဲ့အချက်ပါ။CPU မှာ နာမည်ကြီးတာက Intel Inc,AMD Inc ဘဲဖြစ်ပါတယ် ၀ါရင့် ကွန်ပျူတာ ဆရာကြီးတွေ ပြောကြတာတွေကတော့ ADM Processors များဟာ Intel ထုတ် Processors များကို စွမ်းဆောင်ရေပိုင်းမှာ မမီဘူးလို့ပြောကြပါတယ်။ ဒါပေမယ့် AMD CPU သုံးတဲ့လူများကလည်း AMD မှ AMD ဖြစ်နေကြပါတယ် AMD က ဈေးနူန်းအရ သက်သာပါတယ်။အခုနောက်ထွက် Intel CPU Core i7,i5,i3 တို့ဆိုတာ အကောင်းဆုံး CPU အမျိုးအစား တွေပါ။လေ့လာထားသလောက် Core i7 မှာ Physical Core 4 လုံးနဲ့ Virtual Core 4 တို့အပြိုင် အလုပ်လုပ်တဲ့အခါ အလွန်မြန်ဆန်ပါတယ်။ ဂိမ်းဆော့တာတို့ ဗီဒီယို တည်းဖြတ်တဲ့ အချိန်မှာ အလွန်ကို အဆင်ပြေပါတယ် ဈေးနူန်းကလည်းကြီးပါတယ်။ဒါပေမယ့် သူက Desktop နဲ့ Laptop အတွက် ခွဲခြားထားပါတယ်။ဥပမာ Laptop အတွက်ဆိုရင် နာမည်ပေးထားတာက Core i7 M 370@2.40GHz  ပေါ့ "M" ဆိုတာက Mobile Processor လို့ဆိုလိုတာပါ။ Desktop CPU တွေက Laptop CPU တွေထက် စွမ်းဆောင်ရေပိုင်းမှာ ပိုမိုကောင်းမွန်ပါတယ်။ ကိုယ့်ကွန်ပျူတာကို ကောင်းကောင်းသုံးချင်ရင်တော့ Core i7,i5,i3 တို့လို့ CPU အမြင့်စားတွေ သုံးသင့်ပါတယ်။  CPU Processor အကြောင်းတွေကို ပိုလေ့လာချင်ရင် ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

Intel and AMD Processors 
Intel ရဲ့ Core i7 Processor

CPU တွေကို ဘယ်လိုထိန်းသိမ်းမလဲ ?
1.ကွန်ပျူတာကို တစ်နေကုန်ဖွင့်ထားတာမျိုးရှောင်ကြဉ်ပါ။2.Laptop Computer သုံးတယ်ဆိုရင် Cooling Fan သုံးပေးပါ။ 3.Program များ,Game များကို တစ်ပြိုင်နက်ထဲ အများကြီးမဖွင့်ပါနဲ့ အထက်က ပြောခဲ့တဲ့အတိုင်း CPU တွေကို ကောင်းကောင်းမွန်မွန်သုံးရင် ပျက်ခဲပါတယ်။ အဓိကကတော့ ၆လ တစ်ခါလောက်တော့ CPU Fan မှာ တွယ်ညှိနေတဲ့ ဖုန်းများကို ရှင်းပေးပါ ပြီးရင် အပူခံ ဆေးကို CPU အပေါ်ကို လိမ်းထားပေးပါ။CPU Heat Fan အအေးပေးပန်ကာ လည်လားဆိုတာ ကြည့်ပါ ။CPU အအေးပေးတဲ့ ပန်ကာမလည်ဘူး ကွန်ပျူတာကို ပေသုံးနေမယ်ဆိုရင် အပူလောင်ပြီး ပျက်ဖို့က သေချာပေါက် နီးနီးဖြစ်နေပါပြီ။


                                           ဒါက CPU Fan အသစ်ပါ CPU ကို 
                                         အအေးပေးတဲ့နေရာမှ အသုံးပြုပါတယ်

                                      ဒီ CPU Fan က ဖုန်တက်နေပါပြီ ဖုန်မရှင်းရင်
                                    နောက်ဆိုသေချာပေါက် ပျက်စီးသွားနိုင်ပါတယ် 
                       Fan ကို အရင်ဖြုတ် ပြီးမှ Hair Dryer နဲ့ ဖုန်တွကို ရှင်းထုတ်ပေးပါ 

CPU ပျက်မပျက် ဘယ်လိုစမ်းလဲ ?
ဒါကတော့ အခြေအနေပေါ်မူတည်ပါတယ်။ တစ်ချို့ Power Supply တွေမှာ CPU ကိုပေးတဲ့ voltage များသွားရင် ရှော့ဖြစ်တတ်ပါတယ် ဒါပေမယ့် ဒီကိစ္စက မဖြစ်သလောက်ပါဘဲ။ နောက်တစ်ခုက သင်ဟာ Computer Service သမားဆိုရင် တစ်ခါတစ်လေ CPU Pins အပ်လေးတွေကို CPU Slot မှာ ပြောင်းပြန်ထည့်တာမျိုးဖြစ်ရင် ကွန်ပျူတာက ပုံမှန်အတိုင်း တက်နေပေမယ့် screen မှာ ဘာမှ မမြင်ရပါဘူး။ ဒါကြောင့် CPU Slot ကို မှန်အောင်တပ်ပေးပါ ပြန်ကောင်းသွားပါမယ်။ ကိုယ့်စက်က CPU ဟာ ပျက်နေပြီလို့ သံသယဖြစ်ရင် CPU ကို ဖြုတ်ပြီး အမျိုးအစားတူ Motherboard မှာ စမ်းကြည့်ပါ စက်မတက်ဘူး ဆိုရင် ပျက်ဖို့ သေချာနေပါပြီ။ Warranty ကျန်သေးရင်တော့ ၀ယ်တဲ့ဆိုင်ပို့ပြီး မကျန်ရင်တော့ အသစ်ဝယ်တပ်လိုက်ပါ။ အထက်က ဆိုခဲ့သလို CPU တွေဟာ ပျက်ခဲပါတယ် ပြဿနာကို ကိုယ်တိုင်ရှာဖွေပြီးရင် အသိတစ်ခုခုတိုးလာပါမယ် တစ်ယောက်နဲ့တစ်ယောက် တူတာမဟုတ်ဘူးလေ။ ဒါကြောင့် ကျွန်တော်လေ့လာခဲ့သမျှကို မျှဝေပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ ။  


                                CPU Slot ရဲ့ ပင်အပ် ကလေးတွေက ဒီအပြောက်ကလေး
                               တွေမှာ သွားရောက် ထိတွေ့နေပါတယ် သေချာတပ်ပေးပါ

                                        Processor ရဲ့ အပေါ်ပိုင်း သံမဏိလေးကို
                            
 အပူခံဆေးလေး ကြာကြာနေရင် တစ်ခါလောက် လိမ်းပေးပါ

ဒီနေရာတွေမှာ ထပ်ပြီးလေ့လာလို့ရပါတယ်
 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India