Follow Now......!

Friday, December 28, 2012

Windows 8 Gadgets


Windows 8 အတွက် gadgets များပါ desktop မှာ ဟိုတင် ဒီတင် ကြိုက်သူများ အတွက်ပေါ့ဗျာ
အောက်မှာဒေါင်းပါ
Mediafire password= 1001

Windows 8 အတွက် မြန်မာဖောင့်

Windows 8 အတွက်ပါ ဒေါင်းပြီးရင် run လိုက်ရုံပါဘဲ အရင် ဇော်ဂျီ ဖောင့် သွင်းသလိုပါဘဲ
Mediafire password = 1001
Download Here

Wednesday, December 26, 2012

မြန်မာပြက္ခဒိန် ၂၀၁၃

ကွန်ပျူတာမှာ သုံးဖို့အတွက် ၂၀၁၃ ပြက္ခဒိန်ပါ မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာနဲ့ အသုံးပြုနိုင်ပါတယ် နေ့ကြီး ရက်ကြီးများကိုလည်း ဖော်ပြပေးပါတယ် ပြဿဒါးလည်းပါလို့ နေ့ရက်တွေနဲ့ အလုပ်လုပ်တဲ့လူတွေအတွက် သင့်တော်ပါတယ် ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်
Mediafire password = 1001

Monday, December 24, 2012

Java phones ဂိမ်းများ ဒေါင်းလို့ကောင်းတဲ့ ဆိုက်ဒ်

Java phones ဂိမ်းတွေ တော်တော်များများ ဒေါင်းလို့ကောင်းတဲ့ ဆိုက်ဒ်ပါ Update လည်းဖြစ်ပါတယ်
Game အသစ်တွေလည်း အမြဲတမ်းထွက်ပါတယ် free ပေးဒေါင်းပါတယ်
Address က http://java.mob.org ပါ

Wednesday, December 12, 2012

Android အတွက် မြေခွေးကားမောင်းဂိမ်း

Android အတွက် မြေခွေးကားမောင်းဂိမ်းပါ အရင်တုန်းက play station 1 မှာ အတော်ဆော့ကောင်းတဲ့ ဂိမ်းလေးပါ ကားစီးပြီး ဒုံးကျည်၊လောင်ချာတွေနဲ့ ပြိုင်ဘက်တွေကို တိုက်ရတဲ့ဂိမ်းလေးပါ 3D ဂိမ်းဖြစ်လို့ ရုပ်ထွက်လည်းကောင်းပါတယ် 



Apk,Gpk,Ipa တို့ကို IDM နဲ့ဒေါင်းမယ်


IDM ကပုံမှန်ဆို ဖုန်းဂိမ်းဖော်မက်တွေကို မဒေါင်းပါဘူး
IDM နဲ့ ဂိမ်းတွေဒေါင်းရအောင်လို့ .apk .ipa .gpk .jar.cbr .obb .elf ဖော်မက်တွေကို idm ရဲ့ options မှာထည့်ထားပေးရင် ရပါတယ်

IDM့ ကိုဖွင့်ပါ options ကိုနှိပ်ပါ file types ဆိုတဲ့အကွက်ကလေးမှာ အောက်ပေးတဲ့ text ကို ကူးပြီး paste လုပ်လိုက်ပါ

APK IPA JAR CBR OBB GPK ELF

ပြီးရင် ok ပေါ့

IDM ကို exit လုပ်၊ ပြန်ဖွင့် ပြီးရင် ကိုယ်ကြိုက်တဲ့ ipod ဂိမ်းတစ်ခုဖြစ်ဖြစ်ဒေါင်းကြည့်လိုက်ပါ

IDM နဲ့ ပြူးနေအောင် ဆွဲတာကို မြင်ရပါမယ်

ကိုယ်ဆွဲချင်တဲ့ format ကို idm နဲ့ဆွဲချင်ရင် file types ထဲမှာ format ကို ထည့်ပေးရပါမယ်

Sunday, December 9, 2012

Photoshop,Page Maker မှာ ဒ ဒွေး မပေါ်ရင်

တခါတလေ စာရိုက်နေရင် ဒဒွေးက ပျောက်သွားပြန်ပီ လေပါတယ်နော် adobe photoshop နဲ့ page maker မှာ ဒဒွေးမပေါ်ရင် အောက်ကအတိုင်းလုပ်ကြည့်ပါ ပေါ်လာပါမယ် ခဏခဏသုံးနေရတာဆိုတော့ နောက်မမေ့အောင် မှတ်ထားပေါ့နော် 

For Photoshop> Edit Menu> Preferences > Type> Use Smart Quotes မှာ အမှန်ခြစ်ဖြုတ်ထားပါ
For Page Maker> Ctrl+K, Alt+O, Tab နှစ်ချက်နှိပ်, Space bar တချက်ပုတ်, enter နှစ်ခါခေါက်ရင် ရပါပြီ

Wednesday, November 14, 2012

Grand Theft Auto 3 for pc

Rockstar game ရဲ့ ဂန္တ၀င်ဂိမ်းစီးရီးထဲက တစ်ခုဖြစ်တဲ့ Grand Theft Auto 3 ဂိမ်းပါ gta ကြိုက်သူတိုင်း ကားသူခိုးဂိမ်း အရမ်းဆော့လို့ကောင်းပါတယ် open world ဂိမ်း ဖြစ်လို့ ကားခိုးပြီးမောင်းတာ သူများကို သေနတ်နဲ့ လိုက်ပစ်တာ ဇာတ်လမ်းတွဲဆော့လို့ကောင်းတာ စသည်ဖြင့် ဒုစရိုက်ပေါင်းစုံလုပ်လို့ရပါတယ် ဂိမ်းလေးကတော့ ကြာပါပြီ windows မှာဆော့ဖို့ တင်ပေးလိုက်ပါတယ် highly compressed ဖြစ်တဲ့အတွက် ဒေါင်းလုပ်လုပ်ရတာလဲ သေးပါတယ် သွင်းနည်းကတော့ ဒေါင်းထားတဲ့ ဇစ်ဖိုင်ကို ဖြေလိုက်ပါ ပြီးရင် setup.bat လေးကို run လိုက်ပါ ခဏကြာရင် ဟိုစာဒီစာ ဘာညာကွိကွ ပေါ်လာပြီးသကာလ folder ထဲမှာ gta3 icon လေးပေါ်လာရင် double click နှိပ်ပြီး တန်းဆော့လို့ရပါပြီ

Mediafire password = sup3r



Tuesday, November 13, 2012

Computer ကို အော်တို ပိတ်အောင်လုပ်နည်း

ကွန်ပျူတာကို တခါတလေ ဒေါင်းလုပ်ဆွဲတာတို့  အကြာကြီးခိုင်းပြီး လူက မစောင့်ချင်ရင် သတ်မှတ်ထားတဲ့ အချိန်အတွင်း ကွန်ပျူတာကို အော်တို shutdown လုပ်နိုင်ပါတယ် နည်းလမ်းက အလွန်လွယ်ကူပါတယ်
Run box ကို ဖွင့်လိုက်ပါ ပြီးရင် shutdown -s -t 60 လို့ရိုက်ပီး enter ခေါက်လိုက်ပါ (60 ဆိုတာ တစ်မိနစ်ရဲ့စက္ကန့်ပါ တမိနစ်အတွင်း ကွန်ပျူတာပိတ်သွားပါမယ် 60 နေရာမှာ 600 ဆိုရင် 10 မိနစ်ပေါ့ ကိုယ်ထည့်ချင်တဲ့ အချိန်ကို shutdown -s -t နောက်မှာ ထည့်ရိုက်လိုက်ရင်ရပါပြီ) Warning windows ကလေးပေါ်လာပြီး သတ်မှတ်ထားတဲ့ အချိန်ကုန်သွားရင် ကွန်ပျူတာ ပိတ်သွားပါမယ် command ပေးထားတာကို ဖျက်ချင်ရင် run box မှာ shutdown -a လို့ ရိုက်ပေးလိုက်ရင် ပိတ်သွားပါမယ် အဆင်ပြေကြပါစေ

Thursday, November 8, 2012

Angry Bird Star Wars for android

Angry bird ဂိမ်းအသစ် star wars ပါ အာကာသမှာ သွားဆော့ရမှာပါ level အသစ်တွေ အများကြီးပါပါတယ် ဆော့လို့ကောင်းပါတယ် အောက်မှာ ဒေါင်းပါ password = spider



Thursday, November 1, 2012

Drop Box 50GB ရအောင်လုပ်နည်း

Drop box က ပုံမှန်ဆို 2gb ဘဲပေးပါတယ် အခုက 50gb ရအောင်လုပ်မှာပါ android phone နဲ့  Drop box account လိုပါတယ် drop box account ရှိပီးသားလည်းရတယ် မရှိသေးရင် ဒီနေရာမှာ register လုပ်လိုက်ပါ ပြီးသွားရင် အောက်မှာပေးထားတဲ့ CWM-S3.zip ဖိုင်ကို ဖုန်းမန်မိုရီကတ်ထဲထည့်ပီး recovery mod ထဲဝင်လိုက်ပါ recovery mod ထဲ ရောက်သွားရင် install zip form sd card>choose zip from sd card ကနေ cwm-s3.zip ကို သွင်းပေးလိုက်ပါ ဖုန်းပြန်ပွင့်လာရင် drop box app ကို မြင်ရပါမယ် အဲဒီအချိန်မှာ register လုပ်ထားတဲ့ အကောင့်ကို ၀င်လိုက်ပါ drop box 50gb ရသွားပါပြီ အားတဲ့အချိန် ကိုယ့် email ထဲဝင်စစ်လိုက်ရင် drop box 50gb တိုးလာတာကို မေးထဲမှာ မြင်ရမှာပါ
Mediafire password = spider


Tuesday, October 30, 2012

Files တွေကို လွယ်လွယ်ဒေါင်းရအောင်


ကိုယ်ဒေါင်းချင်တဲ့ ဖိုင်ကို l
eech လုပ်တယ်ဆိုတာက download link ကို resume ရအောင်လုပ်တာပါ leech ပေးတဲ့ဆိုက်ဒ်တွေက premium account နဲ့ဆိုရင် တော်တော်အသုံးဝင်ပါတယ် လိုချင်တာကို copy & paste လုပ်ပီး resume function နဲ့ ဒေါင်းလိုက်ရုံဘဲ အခုကျနော်ပေးတဲ့ဆိုက်က  Rapidshare, Megaupload, Hotfile, Filefactory, Depositfiles and Fileserve, Filesonic က ဖိုင်များကို support လုပ်ပါတယ် ဒီလင့်မှာသွားပီး register လုပ်လိုက်ပါ free account သုံးရင် file size က limit ရှိပါတယ် ပြီးသွားရင် ကိုယ်ဒေါင်းချင်တဲ့ ဖိုင်ကို ဒီ address မှာသွားပီး paste လုပ်ပြီး ဆွဲလို့ရပါပြီ

ပြောချင်တာက hotfile တို့ rapidshare က ဖိုင်တွေဒေါင်းရင် resume မရပါဘူး
အဲဒါကို premium leech site တွေက resume ရအောင် လုပ်ပေးလိုက်တာပါ
ဒီလင့်မှာ သွားဒေါင်းနိုင်ပါတယ် http://vipleech4you.com/index.php








USB Disk Security 6.2

USB disk security version 6.2 နောက်ဆုံးထွက်ပါ ကွန်ပျူတာမှာ auto run virus တွေ မ၀င်အောင် ကာကွယ်ပေးတဲ့ဆော့ဝဲပါ
Mediafire Password = spider
Download Here

Saturday, October 20, 2012

Android Games တွေကို ခပ်လွယ်လွယ် ဒေါင်းမယ်

Android အတွက် ဂိမ်းဆော့တော့မယ်ဆိုရင် install လုပ်ပြီး data ဖိုင်ပြန်ဆွဲရပါသေးတယ် အခုနည်းက ဂိမ်းသွင်းပြီးရင် ဖုန်းကနေ data ဖိုင် ထပ်ဆွဲ စရာမလိုတော့ပါဘူး တန်းဆော့လို့ရပါပြီ http://www.muzhiwan.com ကို သွားပါ ကိုယ်ကြိုက်တဲ့ ဂိမ်းကို ဒေါင်းလို့ရပါတယ် register လုပ်ထားရင် ပိုကောင်းတာပေါ့
ဒီဖိုင်လေး အရင်ဆုံး ဒေါင်းထားပြီး windows ပေါ်မှာ install လုပ်ပေးလိုက်ပါ
Game ကြီးရင် gpk format နဲ့ ရလာမှာပါ သူက ကွန်ပျူတာကနေ တဆင့် သွင်းပေးရမှာ ဖုန်းမှာ usb debugging  on ထားပီး ကြိုးနဲ့ ကွန်ပျူတာကို ချိတ်ပါ ပီးရင် ဒေါင်းထားတဲ့ ဖိုင်ကို double click နှိပ်ပီး install လုပ်လို့ရပါပြီ အောက်မှာ ပုံနဲ့ ရှင်းပြထားပါတယ်

ကိုယ်လိုချင်တဲ့ ဂိမ်းဒေါင်းချင်ရင် နှိပ်လိုက်ပါ
အပြာရောင်နဲ့ ဆိုက်ဒ်က ဒေါင်းလို့ကောင်းပါတယ်
အပြာရောင်မရရင် လိမော်ရောင်နဲ့ ဆိုက်မှာ သွားဒေါင်းပါ
ဒီဝက်ဆိုက် ကိုသွားပြီး  ဂိမ်းဝင်ဒေါင်းမယ့် ဆိုက်ဒ်အတွက် 
register ၀င်ထားပေးလိုက်ပါ ဒါမှ games တွေကို ပေးဒေါင်းမှာပါ 
အောက်ကပုံက ဒေါင်းတဲ့ အဆင့်ရောက်နေပြီနော် သေချာလုပ်ကြည့်ပါ

Download ပြီးသွားလို့ gpk ဖိုင်ကို ရရင် double click
နှိပ်ပါ အနီရောင်ကို နှိပ်လိုက်ပါ
ဖုန်းက usb debuggin on ထားရပါမယ်

အစိမ်းရောင်လေးပြရင် ဖုန်းထဲကို ဂိမ်းထည့်လို့ပြီးသွားပါပြီ

Sunday, October 14, 2012

Youtube download

Youtube ကနေ video ဒေါင်းချင်ရင် ဘာဆော့ဝဲမှ မသုံးဘဲ ဒေါင်းချင်ရင် အောက်ကပုံအတိုင်း လုပ်ဆောင်ကြည့်ပါ တစ်ကြိမ်မှာ တစ်ခါဘဲ ပေးဆွဲပါတယ်ခင်ဗျာ


Saturday, October 13, 2012

Windows 8 build 9200 activator

This works with windows 8 pro build 9200



1. RUN AS ADMINISTARTOR [right click on the .exe - click on Run As ...]
2. CLICK ON INSTALL / UNINSTALL WINDOWS 8
When command Prompt Opens and Askes to PRESS Y / N JUST PRESS Y AND THAT'S
ALL IT WILL ACTIVATE IT BY ITSELF( IT SHOULD SAY ACTIVATION SUCCESSFUL PRESS OK AND OK AGAIN, AND THEN ON COMMAND PROMPT IT WILL SAY THAT IT WILL RESTART - so LET IT RESTART BY ITSELF
3. IT WILL THEN RESTART AND Voila ACTIVATED.

Mediafire password = spider

Thursday, October 4, 2012

How to delete google contacts (gtalk accounts)?

Gtalk ထဲကရော gmail ထဲက contacts တွေဖျက်ချင်ရင် ဘယ်မှာ ရှာရမှန်းလဲမသိဘူး ပိုဆိုးတာက android phone နဲ့ sync လုပ်လိုက်ရင် gtalk accounts တွေက ဖုန်း contacts နဲ့ ရောလာပါတယ် Google က gmail,gtalk ရဲ့ contacts တွေကို address တစ်ခုနဲ့ထား ထားပါတယ် google contacts တွေကို ဖျက်ဖို့ အရင်ဆုံး browser မှာ mail.google.com  ကို သွားပြီး ကိုယ့်ရဲ့ google account ကို sign in ၀င်လိုက်ပါ ပြီးသွားရင် www.google.com/contacts ကို သွားပြီး ကိုယ်ဖျက်ချင်တဲ့ gtalk accounts များကို စိတ်ကြိုက် ပြုလုပ်နိုင်ပါပြီ
Google Contacts - www.google.com/contacts

Monday, October 1, 2012

AVG antivirus 2013

AVG antivirus 2013 ပါ အခမဲ့ပေးပြီး လုံခြုံရေးပိုင်းမှာ တော်တော်ကောင်းပါတယ် internet security အထိ တိုးမြင့် သုံးစွဲနိုင်ပါတယ် စမ်းသုံးကြည့်ကြပါ

Thursday, September 27, 2012

Prince of persia classic for android

Prince of persia classic  ဆော့လို့ တော်တော်လေးကောင်းပါတယ် ဆော့တဲ့အချိန် စိတ်ရှည်ရမယ်နော်
Install apk
Copy org.ubisoft.premium.POPClassic to  sd/Android/obb
Launch game
Mediafire password is spider

Download apk >http://www.mediafire.com/download.php?64np8beqrwj7d4n
Download data file >http://www.mediafire.com/download.php?ln198jum8163e49

Tagu plugin for firefox and google chrome

Tagu တန်ခူး ဆိုတာက ko satrungod ရေးသားထားတဲ့ browser plugin ပါ unicode နဲ့ရေးထားတဲ့ အင်တာနက်စာမျက်နာတွေကို ဖတ်နိုင်အောင်လို့ပါ facebook မှာ zawgyi နဲ့ရေးထားရင်လဲ ဖတ်လို့ရပြီး unicode နဲ့ရေးထားလဲ ဖတ်လို့ရပါတယ် google chrome နဲ့ mozilla firefox အတွက် ထုတ်ပေးထားပါတယ် အများအသုံးပြုလို့ရအောင် ကျွန်တော် မျှဝေးပေးလိုက်ပါတယ်
Browser plugin ကိုတော့ သွင်းတတ်မယ်လို့ထင်ပါတယ် 
အောက်ကလင့်တွေကိုသာ နှိပ်လိုက်ပါ 

Tuesday, September 25, 2012

OctopusPlus.v1.0.0(connect to more than one wireless connection) + Crack

wireless အတွက် ဆော့ဝဲပါ ကွန်ယက်ကို တခုထက်ပိုပြီး ချိတ်နိုင်တယ်လို့ဆိုထားပါတယ် နောက်ပြီး သင်က ဖုန်းရဲ့ 3G,4G တွေရဲ့ ကွန်ယက်နဲ့ သုံးနေရင် ဒီဆော့ဝဲလေးက အင်တာနက် speed ကို မြန်အောင် လုပ်ပေးပါတယ်

How to install
unrar
install octopus
copy crack file to install dir
done
Download mediafire password is spider

Saturday, September 22, 2012

Android ဖုန်းပေါ်မှာ ps1 games ဆော့ရအောင်

 Android ဖုန်းပေါ်မှာ playe station one ဂိမ်းတွေ ဆော့လို့ရပါတယ်

အရင်ဆုံး ဒီဖိုင်ထဲက apk ကို သွင်းပါ ပြီးရင် SCPH1001.BIN ကို ဖုန်းမန်မိုရီကတ်ထဲထည့်ပါ
epsxe ကို ဖွင့် preferences ထဲက bios ကို နှိပ်ပီး ကို ရွေးပေးလိုက်ပါ ဒီနေရာမှာ p1 ဂိမ်းတွေရဲ့ roms တွေကို ဒေါင်းလုပ်ဆွဲပြီး မန်မိုရီကတ်ထဲထည့်ပါ ပြီးရင်တော့ epsex ကို ဖွင့်ပြီး run game ကနေ ကတ်ထဲမှာထည့်ထားတဲ့ roms ရွေးပြီး ဆော့လို့ရပါပြီ

epsex နဲ့ bios ကို ဒေါင်းရန်>http://www.mediafire.com/?2t2vohximfdq8bf
ps1 games roms ဒေါင်းရန်>freeroms.com/psx.htm

Wednesday, September 19, 2012

iOS 6 theme for windows pc

iOS 6 ရဲ့ ပုံစံအတိုင်း ပြောင်းပေးမယ့် skin pack လေးပါ windows 7 မှာ သုံးလို့ရပါတယ် ဒီဆိုင်းလေးလည်း လန်းပါတယ် အမြင်တမျိုးဖြစ်စေတာပေါ့ သုံးကြည့်ကြပါ
Download 32 bit 
Download 64 bit


Monday, September 3, 2012

Faceniff for android

ဒီဆော့ဝဲက ဘာလုပ်လို့ရသလဲဆိုရင် အများသုံး free wifi တွေမှာ ဖုန်းနဲ့ facebook သုံးနေတဲ့ လူတွေရဲ့ အကောင့်ကို ၀င်ပြီး ဟက်လို့ရပါတယ် ချိတ်ဆက်မိသွားရင်တော့ သူ့ရဲ့ facebook account ကို ကိုယ်ကြိုက်သလို  အသုံးပြုလို့ရပါပြီ စိတ်ကြိုက် စမ်းကြည့်ကြပါခင်ဗျာ 
Mediafire password က spider ပါ

Friday, August 31, 2012

Mobo Video Player Pro for android

Android ဖုန်းအတွက် movies တွေကြည့်တဲ့ နေရာမှာ အလွန်ကောင်းတဲ့ player လေးဖြစ်ပါတယ် Format အစုံနဲ့ HD format တွေကို ကောင်းကောင်းကြည့်နိုင်ပါတယ် movies ကြည့်နေရင်းနဲ့ Screen Brightness ကို စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ် အောက်မှာဒေါင်းလိုက်ပါ။


Gallery Lock app for android

Android Phone ရဲ့ Gallery မှာ ကိုယ်ဖွက်ထားခြင်တဲ့ ဓာတ်ပုံများ ဗီဒီယိုများကို ဒီဆော့ဝဲလေးနဲ့ အလွယ်တကူ ဖျောက်ထားလို့ရပါတယ် အသုံးဝင်တဲ့ ဆော့ဝဲလေးတစ်ခုပါဘဲ တော်တော်ကောင်းပါတယ်။
Mediafire password က spider ပါ
Download Here
                                                Gallery Lock Pro

Tuesday, August 21, 2012

Auto Call Recorder Pro For Android

Android Phones အတွက် ဖုန်းဝင်လာရင် အောတို အသံဖမ်းပေးတဲ့ ဆော့ဝဲပါ အတော်လေး ကောင်းမွန် ပါတယ်။ Pro version ကို တင်ပေးလိုက်ပါတယ် အဆင်ပြေကြပါစေ
Mediafire password က spider ပါ


Google Chrome မှာ မြန်မာ fonts မပေါ်ရင်

Google Chrome မှာ မြန်မစာ မပေါ်ရင် အောက်က ပေးထားတဲ့ fonts များကို windows fonts folder ထဲမှာ အရင်ဆုံး ကူးထည့်လိုက်ပါ။ Windows fonts folder ကို မဖွင့်တတ်ရင် ကီးဘုတ်ကနေ windows key+R တွဲနှိပ်ပြီး ဖွင့်လိုက်ပါ။ Google Chrome မှာ မြန်မာလို ပေါ်ဖို့ အောက်မှာ ပုံနဲ့တစ်ကွ ရှင်းပြထားပါတယ် အရင်ဆုံး လိုအပ်တဲ့ ဖိုင်များကို အောက်မှာ ဒေါင်းလိုက်ပါ။

                                OK ပေးလိုက်ရင် google chrome မှာ မြန်မာလို မြင်ရပါပြီ



Firefox မှာ မြန်မာစာ မမြင်ရရင်

Firefox browser မှာ မြန်မာစာလုံး fonts မပေါ်ရင် windows key+R တွဲနှိပ်ပြီး fonts လို့ရိုက်လိုက်ပါ။ 
Fonts folder ပေါ်လာရင် အောက်ကပေးထားတဲ့ fonts များကို copy ကူးပြီး ခဏက folder ထဲထည့်ပါ။ အားလုံးပြီးရင် firefox ကို ဖွင့်လိုက်ပါ။ Firefox Menu>Options>Content>Default Font မှာ Zawgyi-One လို့ရွေးပေးပါ ပြီးရင် Advanced ကိုနှိပ်ပြီး Default Character Encoding မှာ Unicode (UTF-8) လို့ရွေးပြီး ok ပေးလိုက်ပါ။ ဒါဆို firefox browser မှာ မြန်မာလို ရေးထားတဲ့ website များကို ကောင်းကောင်း ဖတ်နိုင်မှာ ဖြစ်ပါတယ်။
Download Firefox Here

Sunday, August 19, 2012

Holo ICS Launcher Pro For Android

Android Ice Cream Sandwich စတိုင်ကို ဖုန်းမှာ သုံးချင်သူများအတွက် Holo ICS Launcher က ပေါ့ပါးပြီး Stock ICS Launcher နဲ့ တော်တော်လေးတူပါတယ် အတော်လေးကောင်းတဲ့ launcher လေးပါဘဲ။
Mediafire Password က spider ပါ

Hard Drive အကြောင်း

Hard Disk Drive
Hard Drive များကို ကွန်ပျူတာတွေ ပေါ်ကတည်းက သုံးနေကြပါပြီ။ အလွန်ရှေးကျတဲ့ hard drive ဘိုးအေ ကြီးတွေကိုတော့ ကျွန်တော်လည်း မမြင်ဖူးဘူး။ Hard Drive ဆိုတာက data ဖိုင်တွေကို သိမ်းဆည်းလို့ရအောင် လုပ်ထားတဲ့ device တစ်ခုပါ။ ကွန်ပျူတာ ပုံးထဲ ကြည့်လိုက်ရင် အထူ တစ်လက်မလောက် ရှိတဲ့ လေးထောင့် အပြားကြီးက hard drive ပါဘဲ။ Laptop HDD တွေက သေးသေးလေးပါ။ Hard Drive က ကွန်ပျူတာ အတွက် အလွန်အရေးကြီးတဲ့ အပိုင်းပါ ကိုယ်သိမ်းချင်တဲ့ ဖိုင်တွေ data တွေကို hard drive ထဲမှာ သိမ်းဆည်းကြပါတယ်။ Hard Drive မရှိရင် ကွန်ပျူတာ တစ်လုံး လည်ပတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Hard Drive ကတော့ တိုတိုပြောရရင် storage device တစ်ခုပါဘဲ Micro SD,SD Card တို့လို့ပေါ့။ ဒါပေမယ့် သူက သိုလှောင်နိုင်တဲ့ စွမ်းအားပိုမြင့်ပါတယ်။ နောက်ပြီး HDD တွေလည်ပတ်တဲ့နူန်း RPM(Revolution Per Minutes) များလေ ပိုကောင်းလေပါဘဲ။ Desktop HDD တွေက ပုံမှန် 7200RPM နဲ့ စွမ်းရည်မြင့် Laptop HDD တွေက ပုံမှန် 5400RPM နဲ့ 7200RPM အသီးသီး ရှိပါတယ်။ လက်ရှိ hard drive များကို GB(Gigabyte), TB(Terabyte) စတဲ့ သိုလှောင်နိုင်တဲ့ ပမာဏနဲ့ hard drive ထုတ်တဲ့ company များက ထုတ်လုပ်ရောင်းချပါတယ်။ အနာဂတ်မှာ လူတွေဟာ hard drive ထက် ပေါ့ပါးပြီး သိုလှောင်နိုင်စွမ်း ပိုမြင့်တဲ့ SSD (Solid State Drive) တို့ကို သုံးပါလိမ့်မယ်။ SSD တွေက circuit ပြားတွေနဲ့ data သိမ်းတာမို့လို့ HDD တွေထက် အကြမ်းခံပါတယ် ။

Hard Drive တွေဘယ်လို အလုပ်လုပ်သလဲ?
Hard Drive က data တွေကို သိုလှောင်နိုင်တဲ့ storage device တစ်ခုပါ။ Hard Drive အတွင်းပိုင်းကို ၀င်ကြည့်ရင် ရှေးတုန်းက ဓာတ်စက်ပြားတွေလို အပေါ်က အတံလေးက အောက်က အ၀ိုင်းပြားလေးကို ထောက်ထားတာကို တွေ့ရမှာပါ။အဲဒီ အပြားလေးတွေက hard drive ကို ပါဝါပေးလိုက်တဲ့ အချိန် အပေါ်က အတံ (Head Arm) နဲ့ သွားရောက် ထိတွေ့လည်ပတ်ပြီး data များကို platter(ပလိတ်ပြား) track ပေါ်မှာ သွားရောက် သိမ်းဆည်း ရေးသားပေးပါတယ်။ Hard Drive ရဲ့ အစိတ်အပိုင်းတွေက လေ့လာမယ်ဆိုရင် အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Hard Drive ကို ဖြုတ်ဖို့အတွက် သက်သက် screw (၀က်အူလှည့်) ရှိပါတယ် ဖြုတ်ပြီး ကိုယ်တိုင် လေ့လာနိုင်ပါတယ်။

Hard Drive ကို ဘယ်လို ထိန်းသိမ်းမလဲ?
Hard Drive က အတွင်းပိုင်းမှာ ပလိတ်ပြားတွေ လည်ပတ်နေရတဲ့အတွက် အပူများပြီး ကြာကြာသုံးရင် ပျက်စီးနိုင်ပါတယ်။ Hard Drive တစ်လုံးကို ကောင်းကောင်းသုံးချင်ရင် hard drive ကို အအေးပေး ပန်ကာတပ်ထား တပ်ထားပါ။ Computer ကို တစ်နေကုန်ဖွင့်ခြင်း ရှောင်ကြဉ်ပါ။ နောက်တစ်ခုက software ပိုင်းနဲ့ ဆိုင်ပါတယ် ကိုယ်က Hard Drive ထဲမှာ ဖိုင်တွေ အများကြီး သိမ်းထားရင် Hard Drive က လေးလာပါတယ်။ ကိုယ့်ကွန်ပျူတာက Memory နည်းရင် Operating System အတွက်ရော virtual memory ရော space ခွဲဝေပေးရတဲ့ အတွက် hard drive ပေါ်မှာ data တွေ အများကြီးနေရာ ယူလာပါတယ်။ အကောင်းဆုံးက Hard Drive ကို နှစ်လ တစ်ခါလောက် Defragment လုပ်ပေးပါ။ Defraggler လို အခမဲ့ ရတဲ့ဆော့ဝဲတွေက ကိုယ့် hard drive ကို အကောင်းဆုံး ထိန်းသိမ်းပေးပါတယ်။ နောက်တစ်ခုက Hard Drive ပေါ်မှာ ဖိုင်သိမ်းတာများရင် အနည်းဆုံး ကိုယ့် Hard Drive ပမာဏရဲ့ 10 % လောက်ကို free space ချန်ထားပေးပါ ဒါမှ Operating System ကောင်းကောင်း လည်ပတ်နိုင်မှာပါ။ Busy Man တွေက windows computer သုံးရင် shutdown လုပ်ဖို့ ပျင်းကြပါတယ် Hibernate သုံးပြီး စက်ဖွင့်တာမြန်အောင် သုံးကြပါတယ် ရေရည်မှာ မကောင်းပါဘူး Hibernate သုံးနေကြဆိုရင် သုံးရက် တစ်ခါလောက် ကွန်ပျူတာကို shutdown လုပ်ပေးသင့်ပါတယ် ။


Hard Drive ပျက်မပျက် ဘယ်လိုသိမလဲ?
အထက်က အကြောင်းတွေကို စဉ်းစားပြီးတဲ့နောက်မှာ Hard Drive တွေကို ဘယ်လိုကိုင်တွယ် ရမလဲဆိုတာ သဘောပေါက်ကြ ပါလိမ့်မယ်။ ပုံမှန်အားဖြင့် hard drive တွေကို စနစ်တကျသုံးရင် ဆယ်စုနှစ် တစ်ခုလောက် ကောင်းကောင်း အလုပ်လုပ်ပါတယ်။ Hard Drive ပျက်ရင် OS(Operating System) စတင်တဲ့အချိန်မှာ ခဏခဏကျပါတယ် (Windows မတက်တာလို့လဲ ခေါ်ပါတယ်)။ ဒါမှမဟုတ် IDE(Integrated Drive Electronics),SATA(Serial ATA) ကြိုး လွတ်နေရင်  စက်စဖွင့်ခြင်း BIOS(Basic Input or Output System) က Hard Drive နေရာမှာ ကွက်လပ်ပြပါတယ် ။ IDE,SATA ကြိုးပြန်တပ် ကြည့်ပြီးမှ စက်မတက်ရင် bios ထဲဝင်ပြီး boot မှာ first boot က hard drive ကို ရွေးထားလားကြည့်ပါ။ First boot မှာ hard drive ရွေးပြီး boot မတက်ရင်တော့ hard drive ကို ဖြုတ် နားနားကပ်ပြီး ခါကြည့်ပါ။ Hard Drive ထဲမှာ အသံပလံတွေ ကြားနေရရင် ပျက်ဖို့က သေချာနေပါပြီ ။ တခြား ကွန်ပျူတာမှာ ကိုယ့် hard drive လဲတပ်ပြီး စမ်းကြည့်ပါ အဲဒီမှာ boot မတက်ရင်တော့ hard drive အသစ်တစ်လုံး လဲတပ်လိုက်ပါ။ နောက်ပိုင်းမှာ ခေါင်းရှုပ်မခံချင်ရင် hard drive ထက် ပိုအကြမ်းခံတဲ့ ပိုသေးတဲ့ SSD (Solid State Drive) တွေကို သုံးသင့်ပါတယ်။

HDD အကြောင်း ပိုပြီး သိချင်ရင် ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
SSD  အကြောင်း ပိုပြီး သိချင်ရင် ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Thursday, August 16, 2012

Computer Memory or RAM

Computer Memory or RAM အကြောင်း
Computer Memory များကို မြန်မာလို မန်မိုရီကတ်လို့ အလွယ်ခေါ်ကြပါတယ်။ Memory နှစ်မျိုးရှိပါတယ် RAM (Random Acess Memory) နဲ့ ROM (Read Only Memory ) ပါ ပုံမှန်ကြည့်လိုက်ရင်တော့ အဓိပါယ် တူတယ်လို့ထင်ပေမယ့် တကယ်တန်းမတူပါဘူး။ Computer မန်မိုရီကတ်လို့ အလွယ်ခေါ်တဲ့ RAM ဟာ data များကို ROM ကဲ့သို့ မသိုလှောင်နိုင်ပါဘူး။ RAM က SD card တို့ Hard Drive တို့ Memory Stick တို့လို့ data များကို မသိုလှောင်နိုင်ဘဲ ကွန်ပျူတာကို ပါဝါပေးမှ data တွေကို မှတ်သားနိုင်တာပါ ပါဝါပိတ်လိုက်ရင် မှန်ထားတဲ့ data တွေမရှိတော့ပါဘူး ယာယီအလုပ်လုပ်တဲ့ memory အမျိုးအစားပါ။ ROM ကတော့ ရှင်းပါတယ် ပါဝါပိတ်ပိတ် မပိတ်ပိတ် မှတ်ထားတဲ့ data တွေကို အမြဲသိမ်းထားနိုင်ပါတယ်။ Memory stick,Phone Memory,SD card တို့ဆိုတာ ROM အမျိုးအစားပါ။ အခု အသုံးပြုနေကြတဲ့ RAM ကတော့ DDR,DDR 2 ,DDR 3 အမျိုးအစားတွေပါ။ DDR 3 ကတော့ အခုအချိန်မှာ အမြင့်ဆုံး Memory အမျိုးအစားပါဘဲ။ လူတွေ သုံးခဲ့ကြတဲ့ Memory အမျိုးအစားတွေကို အောက်မှာ ဖော်ပြထားပါတယ်။ RAM အမျိုးအစား များစွာရှိပါတယ် သို့သော် Computer ဖြစ်ဖြစ် Phone ဖြစ်ဖြစ် အခြေခံ သဘော တရားများကတော့ အတူတူပါဘဲ။ROM အမျိုးအစားများမှာ PROM (Programble ROM),EPROM (Erasable Programmable ROM),EEPROM (Electrically Erasable Programmable) ဖြစ်ပါတယ်။ RAM အမျိုးအစားများမှာ SRAM,DRAM,Standard DRAM,DDR SDRAM,DDR (Double-Data-Rate) {DDR2,DDR3} တို့ဖြစ်ပါတယ်။
 Computer RAM or Memory Card
Type of Computer Memory Cards

Memory or RAM တွေဘယ်လို အလုပ်လုပ်သလဲ?
Memory တွေက ကိုယ်ခိုင်းလိုက်တဲ့ အလုပ်တွေကို motherboard ပေါ်ကနေ ဟိုပြေး ဒီပြေး ပြီး သက်ဆိုင်ရာ နေရာတွေဆီကို အချက်အလက်တွေ ပို့ပေးပါတယ်။ သူက ယာယီမှတ်ညာဏ်အမျိုးအစားပါ ဥပမာ သင်္ချာတစ်ပုဒ်ကို ကိုယ်က ကွန်ပျူတာကို တွက်ခိုင်းမယ်ဆိုရင် CPU က တွက်ပြီး RAM တွေကို တွက်ထားတဲ့ အချက်အလက်တွေကို Monitor ကနေတစ်ဆင့် user ကိုဖြော်ပပေးပါတယ်။ ကိုယ်က အဲဒီ သင်္ချာပုစ္စာကို သိမ်းထားချင်ရင် ROM လို့ခေါ်တဲ့ Hard Drive ပေါ်မှာ သိမ်းဆည်းဖို့ RAM တွေက အချက်အလက်တွေကို CPU မှ တစ်ဆင့် Hard Drive ထဲ ထည့်ပေးလိုက်ပါတယ်။ ရှင်းရှင်းပြောရရင် RAM တွေက ပွဲစားတွေလိုပါဘဲ Computer ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အလုပ်လုပ်ဖို့ ကြားကနေ ကူညီပေးတာပါ။ Computer power ပိတ်လိုက်ရင်တော့ RAM တွေ လုပ်ဆောင်ခဲ့တဲ့ (မှတ်ထားခဲ့တဲ့) အလုပ်တွေ အားလုံးပျက်သွားမှာပါ။ ကိုယ့်ကွန်ပျူတာကို ကောင်းကောင်းသုံးချင်ရင် RAM or Memory Card ကို များများသုံးသင့်ပါတယ်။
                                                 How Computer's RAM Work

RAM or Memory Card ကို ဘယ်လို ထိန်းသိမ်းမလဲ?
Memory Card တွေက တော်ရုံဆို မပျက်လွယ်ပါဘူး။ သို့သော် ကိုယ့်စက်မှာ memory card ဘယ်လောက် သုံးထားလဲ သိချင်ရင် windows computer ဆိုပါက my computer ကို right click ပေး properties မှာ သွားကြည့်လို့ရပါတယ်။ အခုလက်ရှိ ကွန်ပျူတာ တစ်လုံးဟာ အနည်းဆုံး Memory 2GB ပမာဏရှိရမှာပါ။ ဒါမှ ဂိမ်းများ Program များကို ကောင်းကောင်း run နိုင်မှာဖြစ်ပါတယ်။ ကိုယ်က memory နည်းနည်းနဲ့ ဂိမ်းအကြီးတွေ program အကြီးစားတွေကို စက်ဟန်းတဲ့အထိ သုံးနေမယ်ဆိုရင် ရေရည်မှာ သုံးနေတဲ့ Operating System ရော memory card တွေရော စွမ်းဆောင်ရေ နိမ့်ကျလာပါမယ်။ အကောင်းဆုံးက Memory Card များလေ ကောင်းလေပါ။ တစ်ခုရှိတာက သင်ဟာ Windows 7 32 bits သုံနေတယ်ဆိုရင် သူလက်ခံနိုင်တဲ့ memory ပမာဏက အများဆုံး 4GB သာ လက်ခံနိုင်ပါတယ်။ Windows 7 64 bits သုံးရင် သီအိုရီအရ 128GB လောက် အသုံးပြုနိုင်ပါတယ်။ Windows 8 ကျရင်တော့ Memory များများ သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ memory ပမာဏကို ချိန်သုံးရင် ram ပျက်ဖို့ဆိုတာ မလွယ်ပါဘူး။
Desktop Computer မှာသုံးတဲ့ RAM ပါ 

Laptop Computer မှာသုံးတဲ့ RAM ပါ
RAM or Memory Card ပျက်မပျက် ဘယ်လိုသိလဲ?
Computer Service သမားများ စက်မတက်တော့ဘူးဆိုရင် ဘာပြဿနာလဲ ဆိုတာ အဖုံးဖွင့်ပြီး အရင် စစ်ဆေးကြပါတယ်။ RAM or Memory Card က motherboard slot မှာ ချောင်နေရင် computer ကို power on လိုက်တာနဲ့ တီ..တီ..တီ.. လို့မည် ပြီး အချက်ပေးပါတယ်။ Slot မှာ Memory Card ကို ကောင်းကောင်း ပြန်တက်ပေးလိုက်ရင် ကောင်းသွားပါပြီ။ နောက်တစ်ခု က RAM ပျက်သွားရင် တခါတလ Windows မတက်ပါဘူး။ တစ်ခုက RAM မပျက်ဘဲ motherboard ပျက်တတ်ပါတယ်။ ကိုယ်က memory card ပျက်တယ်လို့ သံသယရှိရင် card ကို ဖြုတ်ပြီး အမျိုးအစားတူ motherboard မှာ တပ်ကြည့်ပြီးမှ အဲဒီစက်ပါ boot မတက်ရင် သေချာပေါက် memory card ပျက်ပါပြီ ။ ဒီလိုလေးစမ်းကြည့်ပါ memory card ရဲ့ အောက်ဆုံး အနားလေးတွေကို ခဲဖျက်နဲ့ ဟိုဘက်ဒီဘက် သေချာ ပွတ်တိုက်ပေးပြီး ပြန်တပ်ကြည့်ပါ တစ်ခါတစ်လေ ပြန်ကောင်းတတ်ပါတယ်။ သတိပြုရမှာက memory card ရဲ့ အောက်ဆုံး အနားလေးတွေမှာ တစ်ချို့အတုံးလေးတွေက မဲနေတတ်ပါတယ်။ ဒါဆို အဲဒီကတ်က ပျက်ဖို့ သေချာနေပါပြီ အဲလိုဖြစ်ရင် memory card အသစ်ကို ၀ယ်တပ်ပါလို့ အကြံပေးချင်ပါတယ်။ 
                                          Computer Memory Card's slots

                                  Memory Card ကို slot မှာတပ်ရင် လက်နှစ်ဖက်နဲ့
                           ဘေးနားက အဖြူရောင် ကလစ်လေးတွေ သေချာ ဖိတပ်ပေးရပါမယ်

Computer RAM အကြောင်းကို ပိုသိချင်ရင် ဒီမှာ ဖတ်ရှုပါ
 

Monday, August 13, 2012

CPU or Processor အကြောင်းပါ

Central Processing Unit CPU or Processor
CPU လို့ခေါ်တဲ့ microprocessor များကို အဓိက ထုတ်လုပ်တဲ့ company များမှာ Intel,AMD တို့ဖြစ်ပါတယ် တိုတိုဘဲရှင်းပြပါမယ် CPU များကို ကွန်ပျူတာရဲ့ ဦးနှောက်လို့ တင်စားကြပါတယ်။ဒီနေ့ခေတ် cpu များဟာ တွက်ချက်မှုပိုင်းမှာ ပိုမိုမြင့်မားလာပါတယ် ဥပမာ သင်္ချာ ပရိုဂရမ် တစ်ခုကို ကွန်ပျူတာနဲ့ လူနဲ့ အပြိုင်တွက်ချက်ရင် ကွန်ပျူတာက ရလဒ်ကိုအရင်ဆုံးဖော်ပြပါတယ် ဒါဟာကောင်းတဲ့အချက်ပါ။CPU မှာ နာမည်ကြီးတာက Intel Inc,AMD Inc ဘဲဖြစ်ပါတယ် ၀ါရင့် ကွန်ပျူတာ ဆရာကြီးတွေ ပြောကြတာတွေကတော့ ADM Processors များဟာ Intel ထုတ် Processors များကို စွမ်းဆောင်ရေပိုင်းမှာ မမီဘူးလို့ပြောကြပါတယ်။ ဒါပေမယ့် AMD CPU သုံးတဲ့လူများကလည်း AMD မှ AMD ဖြစ်နေကြပါတယ် AMD က ဈေးနူန်းအရ သက်သာပါတယ်။အခုနောက်ထွက် Intel CPU Core i7,i5,i3 တို့ဆိုတာ အကောင်းဆုံး CPU အမျိုးအစား တွေပါ။လေ့လာထားသလောက် Core i7 မှာ Physical Core 4 လုံးနဲ့ Virtual Core 4 တို့အပြိုင် အလုပ်လုပ်တဲ့အခါ အလွန်မြန်ဆန်ပါတယ်။ ဂိမ်းဆော့တာတို့ ဗီဒီယို တည်းဖြတ်တဲ့ အချိန်မှာ အလွန်ကို အဆင်ပြေပါတယ် ဈေးနူန်းကလည်းကြီးပါတယ်။ဒါပေမယ့် သူက Desktop နဲ့ Laptop အတွက် ခွဲခြားထားပါတယ်။ဥပမာ Laptop အတွက်ဆိုရင် နာမည်ပေးထားတာက Core i7 M 370@2.40GHz  ပေါ့ "M" ဆိုတာက Mobile Processor လို့ဆိုလိုတာပါ။ Desktop CPU တွေက Laptop CPU တွေထက် စွမ်းဆောင်ရေပိုင်းမှာ ပိုမိုကောင်းမွန်ပါတယ်။ ကိုယ့်ကွန်ပျူတာကို ကောင်းကောင်းသုံးချင်ရင်တော့ Core i7,i5,i3 တို့လို့ CPU အမြင့်စားတွေ သုံးသင့်ပါတယ်။  CPU Processor အကြောင်းတွေကို ပိုလေ့လာချင်ရင် ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

Intel and AMD Processors 
Intel ရဲ့ Core i7 Processor

CPU တွေကို ဘယ်လိုထိန်းသိမ်းမလဲ ?
1.ကွန်ပျူတာကို တစ်နေကုန်ဖွင့်ထားတာမျိုးရှောင်ကြဉ်ပါ။2.Laptop Computer သုံးတယ်ဆိုရင် Cooling Fan သုံးပေးပါ။ 3.Program များ,Game များကို တစ်ပြိုင်နက်ထဲ အများကြီးမဖွင့်ပါနဲ့ အထက်က ပြောခဲ့တဲ့အတိုင်း CPU တွေကို ကောင်းကောင်းမွန်မွန်သုံးရင် ပျက်ခဲပါတယ်။ အဓိကကတော့ ၆လ တစ်ခါလောက်တော့ CPU Fan မှာ တွယ်ညှိနေတဲ့ ဖုန်းများကို ရှင်းပေးပါ ပြီးရင် အပူခံ ဆေးကို CPU အပေါ်ကို လိမ်းထားပေးပါ။CPU Heat Fan အအေးပေးပန်ကာ လည်လားဆိုတာ ကြည့်ပါ ။CPU အအေးပေးတဲ့ ပန်ကာမလည်ဘူး ကွန်ပျူတာကို ပေသုံးနေမယ်ဆိုရင် အပူလောင်ပြီး ပျက်ဖို့က သေချာပေါက် နီးနီးဖြစ်နေပါပြီ။


                                           ဒါက CPU Fan အသစ်ပါ CPU ကို 
                                         အအေးပေးတဲ့နေရာမှ အသုံးပြုပါတယ်

                                      ဒီ CPU Fan က ဖုန်တက်နေပါပြီ ဖုန်မရှင်းရင်
                                    နောက်ဆိုသေချာပေါက် ပျက်စီးသွားနိုင်ပါတယ် 
                       Fan ကို အရင်ဖြုတ် ပြီးမှ Hair Dryer နဲ့ ဖုန်တွကို ရှင်းထုတ်ပေးပါ 

CPU ပျက်မပျက် ဘယ်လိုစမ်းလဲ ?
ဒါကတော့ အခြေအနေပေါ်မူတည်ပါတယ်။ တစ်ချို့ Power Supply တွေမှာ CPU ကိုပေးတဲ့ voltage များသွားရင် ရှော့ဖြစ်တတ်ပါတယ် ဒါပေမယ့် ဒီကိစ္စက မဖြစ်သလောက်ပါဘဲ။ နောက်တစ်ခုက သင်ဟာ Computer Service သမားဆိုရင် တစ်ခါတစ်လေ CPU Pins အပ်လေးတွေကို CPU Slot မှာ ပြောင်းပြန်ထည့်တာမျိုးဖြစ်ရင် ကွန်ပျူတာက ပုံမှန်အတိုင်း တက်နေပေမယ့် screen မှာ ဘာမှ မမြင်ရပါဘူး။ ဒါကြောင့် CPU Slot ကို မှန်အောင်တပ်ပေးပါ ပြန်ကောင်းသွားပါမယ်။ ကိုယ့်စက်က CPU ဟာ ပျက်နေပြီလို့ သံသယဖြစ်ရင် CPU ကို ဖြုတ်ပြီး အမျိုးအစားတူ Motherboard မှာ စမ်းကြည့်ပါ စက်မတက်ဘူး ဆိုရင် ပျက်ဖို့ သေချာနေပါပြီ။ Warranty ကျန်သေးရင်တော့ ၀ယ်တဲ့ဆိုင်ပို့ပြီး မကျန်ရင်တော့ အသစ်ဝယ်တပ်လိုက်ပါ။ အထက်က ဆိုခဲ့သလို CPU တွေဟာ ပျက်ခဲပါတယ် ပြဿနာကို ကိုယ်တိုင်ရှာဖွေပြီးရင် အသိတစ်ခုခုတိုးလာပါမယ် တစ်ယောက်နဲ့တစ်ယောက် တူတာမဟုတ်ဘူးလေ။ ဒါကြောင့် ကျွန်တော်လေ့လာခဲ့သမျှကို မျှဝေပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ ။  


                                CPU Slot ရဲ့ ပင်အပ် ကလေးတွေက ဒီအပြောက်ကလေး
                               တွေမှာ သွားရောက် ထိတွေ့နေပါတယ် သေချာတပ်ပေးပါ

                                        Processor ရဲ့ အပေါ်ပိုင်း သံမဏိလေးကို
                            
 အပူခံဆေးလေး ကြာကြာနေရင် တစ်ခါလောက် လိမ်းပေးပါ

ဒီနေရာတွေမှာ ထပ်ပြီးလေ့လာလို့ရပါတယ်

 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India