Follow Now......!

Saturday, March 31, 2012

Android Software,Game တွေကို Computer နဲ့ Install လုပ်ခြင်း

အခု Android Applications တွေကို PC Suite နဲ့ install လုပ်နည်းပြောမှာပါ တစ်ချို့တွေကလည်း တော်တော်သိနေပါပြီ၊ မသိသေးတဲ့လူတွေအတွက် တင်ပြပေးလိုက်ပါတယ်၊ Google ရဲ့ လည်ပတ်ရေး စနစ်က လူသုံးများလာပါပြီ အဲဒီတော့ ဂိမ်းတွေ ဆော့ဝဲတွေကို ကိုယ်တိုင်သွင်းတတ်အောင် ကြံကြမှာပါ၊ အရင်ဆုံး 91 Panda for Android ဆိုတဲ့ ဆော့ဝဲကို ဒီမှာ သွားဒေါင်းပါ ပြီးရင် Install လုပ်ပါ ပြီးရင် desktop ပေါ်က သူ့ရဲ့ shortcut ကို right click ထောက်ပြီး run as administrator (for windows 7) နဲ့ဖွင့်ပါ၊ ဖုန်းနဲ့ computer မချိတ်ခင်မှာ အရင်ဆုံး ဖုန်းထဲက setting>application>development> usb debugging ကို အမှန်ခြစ်ပေးထားပါ အောက်မှာ ပုံနဲ့ ရှင်းပြထားပါတယ်

             Unkown sources မှာ အမှန်ခြစ်ထားပါ
91 Panda PC Suite ရဲ့ language မှာ English ပြောင်းထားပါ၊ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်တဲ့အခါ
Install Driver လို့ပေါ်လာရင် Install လို့ပေးလိုက်ပါ
 ဒါဆိုရင် ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်သွားပါပြီ
ဆော့ဝဲသွင်းရန် အနီရောင်ကို နှိပ်ပါ

သွင်းထားတဲ့ ဆော့ဝဲကို ပြန်ဖြုတ်ချင်ရင် ဖြုတ်ချင်တဲ့ဆော့ဝဲကို select မှတ်ပြီး ပြန်ဖြုတ်ပါ
ကျန်တဲ့ function တွေကိုတော့ ကိုယ်တိုင်လေ့လာကြည့်ပါ

1 comments:

Unknown said...

ပြန်ရှယ်သွားပါတယ်ခင်ညာ

Post a Comment

 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India