Online မှာတွေ့လို့ ပြန်မျှဝေပေးလိုက်ပါတယ် ကျွန်တော်လုပ်ထားတာ မဟုတ်ပါဘူးခင်ဗျာ။
ကျွန်တော်တို့ အားလုံးဟာ Browser ထဲမှာဆိုရင် Chrome ကိုပဲ အသုံးအများဆုံး ဖြစ်တယ်ဆိုတာ
ငြင်းလို့မရ နိုင်ပါဘူး။ ဒါပေမယ့် Windows 8 မှာတော့ Facebook ကို Chrome
Browser ကနေတစ်ဆင့် အသုံးပြုတဲ့အခါ Zawgyi Font ကိုမမြင်ရ ဖြစ်နေပါတယ်။
ဒီပြသနာကို ကျွန်တော်အခု ပြောတဲ့အတိုင်း ပြုလုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။
အရင်ဆုံး Zawgyi Font ကို Install လုပ် အခုပေးတဲ့ Path လမ်းကြောင်းကို Run ထဲမှာရိုက်ထည့်ပါ။
C:\Users\Fedora\AppData\Local\Google\Chrome\User Data\Default\User StyleSheets
ဒီနေရာမှာ သတိထားရမှာက Users အောက်က Fedora ဆိုတဲ့နေရာမှာ ကိုယ့် PC
ရဲ့နာမည် သို့မဟုတ် ကိုယ့် PC ရဲ့ User Name ကို ထည့်ရပါမယ်။ ပြီးတာနဲ့
User StyleSheets ဆိုတဲ့ Folder အောက်မှာ Custom ဆိုတဲ့ CSS
File တစ်ခုကို မြင်ရပါလိမ့်မယ်။ အဲ့ဒီ Custom ဆိုတဲ့ file ကို right click
နှိပ်ပြီး note pad နဲ့ဖွင့် အခုပေးတဲ့စာတွေကို copy ကူးယူပြီး paste
လုပ်လိုက်ပါ။
* , html, body, div,p {font-family:Zawgyi-One !important;}
ပြီးရင် အဲ့ဒီ Custom File ကို Save လုပ်လိုက်ပါ။ Save ပြီးပြီိဆိုရင်Chrome Browser ကိုပြန်သွားပြီး
www.facebook.com ကိုထပ်သွား ကြည့်ပါ။ Zawgyi Font ကို မြင်ရပါပြီ။ အခုဆိုရင် Zawgyi Font ကို ရိုက်လို့ လည်းရပြီ ဖတ်လို့လည်း ရပါပြီ။
အားလုံး အဆင်ပြေ ကြလိမ့်မယ်လို့ ထင်ပါတယ်။ ရှာဖွေလေ့လာ နည်းပညာပေါ့....။
IT4M (Fedora)