Central Processing Unit CPU or Processor
CPU လို့ခေါ်တဲ့ microprocessor များကို အဓိက ထုတ်လုပ်တဲ့ company များမှာ Intel,AMD တို့ဖြစ်ပါတယ် တိုတိုဘဲရှင်းပြပါမယ် CPU များကို ကွန်ပျူတာရဲ့ ဦးနှောက်လို့ တင်စားကြပါတယ်။ဒီနေ့ခေတ် cpu များဟာ တွက်ချက်မှုပိုင်းမှာ ပိုမိုမြင့်မားလာပါတယ် ဥပမာ သင်္ချာ ပရိုဂရမ် တစ်ခုကို ကွန်ပျူတာနဲ့ လူနဲ့ အပြိုင်တွက်ချက်ရင် ကွန်ပျူတာက ရလဒ်ကိုအရင်ဆုံးဖော်ပြပါတယ် ဒါဟာကောင်းတဲ့အချက်ပါ။CPU မှာ နာမည်ကြီးတာက Intel Inc,AMD Inc ဘဲဖြစ်ပါတယ် ၀ါရင့် ကွန်ပျူတာ ဆရာကြီးတွေ ပြောကြတာတွေကတော့ ADM Processors များဟာ Intel ထုတ် Processors များကို စွမ်းဆောင်ရေပိုင်းမှာ မမီဘူးလို့ပြောကြပါတယ်။ ဒါပေမယ့် AMD CPU သုံးတဲ့လူများကလည်း AMD မှ AMD ဖြစ်နေကြပါတယ် AMD က ဈေးနူန်းအရ သက်သာပါတယ်။အခုနောက်ထွက် Intel CPU Core i7,i5,i3 တို့ဆိုတာ အကောင်းဆုံး CPU အမျိုးအစား တွေပါ။လေ့လာထားသလောက် Core i7 မှာ Physical Core 4 လုံးနဲ့ Virtual Core 4 တို့အပြိုင် အလုပ်လုပ်တဲ့အခါ အလွန်မြန်ဆန်ပါတယ်။ ဂိမ်းဆော့တာတို့ ဗီဒီယို တည်းဖြတ်တဲ့ အချိန်မှာ အလွန်ကို အဆင်ပြေပါတယ် ဈေးနူန်းကလည်းကြီးပါတယ်။ဒါပေမယ့် သူက Desktop နဲ့ Laptop အတွက် ခွဲခြားထားပါတယ်။ဥပမာ Laptop အတွက်ဆိုရင် နာမည်ပေးထားတာက Core i7 M 370@2.40GHz ပေါ့ "M" ဆိုတာက Mobile Processor လို့ဆိုလိုတာပါ။ Desktop CPU တွေက Laptop CPU တွေထက် စွမ်းဆောင်ရေပိုင်းမှာ ပိုမိုကောင်းမွန်ပါတယ်။ ကိုယ့်ကွန်ပျူတာကို ကောင်းကောင်းသုံးချင်ရင်တော့ Core i7,i5,i3 တို့လို့ CPU အမြင့်စားတွေ သုံးသင့်ပါတယ်။ CPU Processor အကြောင်းတွေကို ပိုလေ့လာချင်ရင် ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
Intel and AMD Processors
Intel ရဲ့ Core i7 Processor
CPU တွေကို ဘယ်လိုထိန်းသိမ်းမလဲ ?
1.ကွန်ပျူတာကို တစ်နေကုန်ဖွင့်ထားတာမျိုးရှောင်ကြဉ်ပါ။2.Laptop Computer သုံးတယ်ဆိုရင် Cooling Fan သုံးပေးပါ။ 3.Program များ,Game များကို တစ်ပြိုင်နက်ထဲ အများကြီးမဖွင့်ပါနဲ့ အထက်က ပြောခဲ့တဲ့အတိုင်း CPU တွေကို ကောင်းကောင်းမွန်မွန်သုံးရင် ပျက်ခဲပါတယ်။ အဓိကကတော့ ၆လ တစ်ခါလောက်တော့ CPU Fan မှာ တွယ်ညှိနေတဲ့ ဖုန်းများကို ရှင်းပေးပါ ပြီးရင် အပူခံ ဆေးကို CPU အပေါ်ကို လိမ်းထားပေးပါ။CPU Heat Fan အအေးပေးပန်ကာ လည်လားဆိုတာ ကြည့်ပါ ။CPU အအေးပေးတဲ့ ပန်ကာမလည်ဘူး ကွန်ပျူတာကို ပေသုံးနေမယ်ဆိုရင် အပူလောင်ပြီး ပျက်ဖို့က သေချာပေါက် နီးနီးဖြစ်နေပါပြီ။
ဒါက CPU Fan အသစ်ပါ CPU ကို
အအေးပေးတဲ့နေရာမှ အသုံးပြုပါတယ်
ဒီ CPU Fan က ဖုန်တက်နေပါပြီ ဖုန်မရှင်းရင်
နောက်ဆိုသေချာပေါက် ပျက်စီးသွားနိုင်ပါတယ်
နောက်ဆိုသေချာပေါက် ပျက်စီးသွားနိုင်ပါတယ်
Fan ကို အရင်ဖြုတ် ပြီးမှ Hair Dryer နဲ့ ဖုန်တွကို ရှင်းထုတ်ပေးပါ
CPU ပျက်မပျက် ဘယ်လိုစမ်းလဲ ?
ဒါကတော့ အခြေအနေပေါ်မူတည်ပါတယ်။ တစ်ချို့ Power Supply တွေမှာ CPU ကိုပေးတဲ့ voltage များသွားရင် ရှော့ဖြစ်တတ်ပါတယ် ဒါပေမယ့် ဒီကိစ္စက မဖြစ်သလောက်ပါဘဲ။ နောက်တစ်ခုက သင်ဟာ Computer Service သမားဆိုရင် တစ်ခါတစ်လေ CPU Pins အပ်လေးတွေကို CPU Slot မှာ ပြောင်းပြန်ထည့်တာမျိုးဖြစ်ရင် ကွန်ပျူတာက ပုံမှန်အတိုင်း တက်နေပေမယ့် screen မှာ ဘာမှ မမြင်ရပါဘူး။ ဒါကြောင့် CPU Slot ကို မှန်အောင်တပ်ပေးပါ ပြန်ကောင်းသွားပါမယ်။ ကိုယ့်စက်က CPU ဟာ ပျက်နေပြီလို့ သံသယဖြစ်ရင် CPU ကို ဖြုတ်ပြီး အမျိုးအစားတူ Motherboard မှာ စမ်းကြည့်ပါ စက်မတက်ဘူး ဆိုရင် ပျက်ဖို့ သေချာနေပါပြီ။ Warranty ကျန်သေးရင်တော့ ၀ယ်တဲ့ဆိုင်ပို့ပြီး မကျန်ရင်တော့ အသစ်ဝယ်တပ်လိုက်ပါ။ အထက်က ဆိုခဲ့သလို CPU တွေဟာ ပျက်ခဲပါတယ် ပြဿနာကို ကိုယ်တိုင်ရှာဖွေပြီးရင် အသိတစ်ခုခုတိုးလာပါမယ် တစ်ယောက်နဲ့တစ်ယောက် တူတာမဟုတ်ဘူးလေ။ ဒါကြောင့် ကျွန်တော်လေ့လာခဲ့သမျှကို မျှဝေပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ ။
CPU Slot ရဲ့ ပင်အပ် ကလေးတွေက ဒီအပြောက်ကလေး
တွေမှာ သွားရောက် ထိတွေ့နေပါတယ် သေချာတပ်ပေးပါ
တွေမှာ သွားရောက် ထိတွေ့နေပါတယ် သေချာတပ်ပေးပါ
Processor ရဲ့ အပေါ်ပိုင်း သံမဏိလေးကို
အပူခံဆေးလေး ကြာကြာနေရင် တစ်ခါလောက် လိမ်းပေးပါ
အပူခံဆေးလေး ကြာကြာနေရင် တစ်ခါလောက် လိမ်းပေးပါ
ဒီနေရာတွေမှာ ထပ်ပြီးလေ့လာလို့ရပါတယ်
0 comments:
Post a Comment