Follow Now......!

Thursday, August 16, 2012

Computer Memory or RAM

Computer Memory or RAM အကြောင်း
Computer Memory များကို မြန်မာလို မန်မိုရီကတ်လို့ အလွယ်ခေါ်ကြပါတယ်။ Memory နှစ်မျိုးရှိပါတယ် RAM (Random Acess Memory) နဲ့ ROM (Read Only Memory ) ပါ ပုံမှန်ကြည့်လိုက်ရင်တော့ အဓိပါယ် တူတယ်လို့ထင်ပေမယ့် တကယ်တန်းမတူပါဘူး။ Computer မန်မိုရီကတ်လို့ အလွယ်ခေါ်တဲ့ RAM ဟာ data များကို ROM ကဲ့သို့ မသိုလှောင်နိုင်ပါဘူး။ RAM က SD card တို့ Hard Drive တို့ Memory Stick တို့လို့ data များကို မသိုလှောင်နိုင်ဘဲ ကွန်ပျူတာကို ပါဝါပေးမှ data တွေကို မှတ်သားနိုင်တာပါ ပါဝါပိတ်လိုက်ရင် မှန်ထားတဲ့ data တွေမရှိတော့ပါဘူး ယာယီအလုပ်လုပ်တဲ့ memory အမျိုးအစားပါ။ ROM ကတော့ ရှင်းပါတယ် ပါဝါပိတ်ပိတ် မပိတ်ပိတ် မှတ်ထားတဲ့ data တွေကို အမြဲသိမ်းထားနိုင်ပါတယ်။ Memory stick,Phone Memory,SD card တို့ဆိုတာ ROM အမျိုးအစားပါ။ အခု အသုံးပြုနေကြတဲ့ RAM ကတော့ DDR,DDR 2 ,DDR 3 အမျိုးအစားတွေပါ။ DDR 3 ကတော့ အခုအချိန်မှာ အမြင့်ဆုံး Memory အမျိုးအစားပါဘဲ။ လူတွေ သုံးခဲ့ကြတဲ့ Memory အမျိုးအစားတွေကို အောက်မှာ ဖော်ပြထားပါတယ်။ RAM အမျိုးအစား များစွာရှိပါတယ် သို့သော် Computer ဖြစ်ဖြစ် Phone ဖြစ်ဖြစ် အခြေခံ သဘော တရားများကတော့ အတူတူပါဘဲ။ROM အမျိုးအစားများမှာ PROM (Programble ROM),EPROM (Erasable Programmable ROM),EEPROM (Electrically Erasable Programmable) ဖြစ်ပါတယ်။ RAM အမျိုးအစားများမှာ SRAM,DRAM,Standard DRAM,DDR SDRAM,DDR (Double-Data-Rate) {DDR2,DDR3} တို့ဖြစ်ပါတယ်။
 Computer RAM or Memory Card
Type of Computer Memory Cards

Memory or RAM တွေဘယ်လို အလုပ်လုပ်သလဲ?
Memory တွေက ကိုယ်ခိုင်းလိုက်တဲ့ အလုပ်တွေကို motherboard ပေါ်ကနေ ဟိုပြေး ဒီပြေး ပြီး သက်ဆိုင်ရာ နေရာတွေဆီကို အချက်အလက်တွေ ပို့ပေးပါတယ်။ သူက ယာယီမှတ်ညာဏ်အမျိုးအစားပါ ဥပမာ သင်္ချာတစ်ပုဒ်ကို ကိုယ်က ကွန်ပျူတာကို တွက်ခိုင်းမယ်ဆိုရင် CPU က တွက်ပြီး RAM တွေကို တွက်ထားတဲ့ အချက်အလက်တွေကို Monitor ကနေတစ်ဆင့် user ကိုဖြော်ပပေးပါတယ်။ ကိုယ်က အဲဒီ သင်္ချာပုစ္စာကို သိမ်းထားချင်ရင် ROM လို့ခေါ်တဲ့ Hard Drive ပေါ်မှာ သိမ်းဆည်းဖို့ RAM တွေက အချက်အလက်တွေကို CPU မှ တစ်ဆင့် Hard Drive ထဲ ထည့်ပေးလိုက်ပါတယ်။ ရှင်းရှင်းပြောရရင် RAM တွေက ပွဲစားတွေလိုပါဘဲ Computer ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အလုပ်လုပ်ဖို့ ကြားကနေ ကူညီပေးတာပါ။ Computer power ပိတ်လိုက်ရင်တော့ RAM တွေ လုပ်ဆောင်ခဲ့တဲ့ (မှတ်ထားခဲ့တဲ့) အလုပ်တွေ အားလုံးပျက်သွားမှာပါ။ ကိုယ့်ကွန်ပျူတာကို ကောင်းကောင်းသုံးချင်ရင် RAM or Memory Card ကို များများသုံးသင့်ပါတယ်။
                                                 How Computer's RAM Work

RAM or Memory Card ကို ဘယ်လို ထိန်းသိမ်းမလဲ?
Memory Card တွေက တော်ရုံဆို မပျက်လွယ်ပါဘူး။ သို့သော် ကိုယ့်စက်မှာ memory card ဘယ်လောက် သုံးထားလဲ သိချင်ရင် windows computer ဆိုပါက my computer ကို right click ပေး properties မှာ သွားကြည့်လို့ရပါတယ်။ အခုလက်ရှိ ကွန်ပျူတာ တစ်လုံးဟာ အနည်းဆုံး Memory 2GB ပမာဏရှိရမှာပါ။ ဒါမှ ဂိမ်းများ Program များကို ကောင်းကောင်း run နိုင်မှာဖြစ်ပါတယ်။ ကိုယ်က memory နည်းနည်းနဲ့ ဂိမ်းအကြီးတွေ program အကြီးစားတွေကို စက်ဟန်းတဲ့အထိ သုံးနေမယ်ဆိုရင် ရေရည်မှာ သုံးနေတဲ့ Operating System ရော memory card တွေရော စွမ်းဆောင်ရေ နိမ့်ကျလာပါမယ်။ အကောင်းဆုံးက Memory Card များလေ ကောင်းလေပါ။ တစ်ခုရှိတာက သင်ဟာ Windows 7 32 bits သုံနေတယ်ဆိုရင် သူလက်ခံနိုင်တဲ့ memory ပမာဏက အများဆုံး 4GB သာ လက်ခံနိုင်ပါတယ်။ Windows 7 64 bits သုံးရင် သီအိုရီအရ 128GB လောက် အသုံးပြုနိုင်ပါတယ်။ Windows 8 ကျရင်တော့ Memory များများ သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ memory ပမာဏကို ချိန်သုံးရင် ram ပျက်ဖို့ဆိုတာ မလွယ်ပါဘူး။
Desktop Computer မှာသုံးတဲ့ RAM ပါ 

Laptop Computer မှာသုံးတဲ့ RAM ပါ
RAM or Memory Card ပျက်မပျက် ဘယ်လိုသိလဲ?
Computer Service သမားများ စက်မတက်တော့ဘူးဆိုရင် ဘာပြဿနာလဲ ဆိုတာ အဖုံးဖွင့်ပြီး အရင် စစ်ဆေးကြပါတယ်။ RAM or Memory Card က motherboard slot မှာ ချောင်နေရင် computer ကို power on လိုက်တာနဲ့ တီ..တီ..တီ.. လို့မည် ပြီး အချက်ပေးပါတယ်။ Slot မှာ Memory Card ကို ကောင်းကောင်း ပြန်တက်ပေးလိုက်ရင် ကောင်းသွားပါပြီ။ နောက်တစ်ခု က RAM ပျက်သွားရင် တခါတလ Windows မတက်ပါဘူး။ တစ်ခုက RAM မပျက်ဘဲ motherboard ပျက်တတ်ပါတယ်။ ကိုယ်က memory card ပျက်တယ်လို့ သံသယရှိရင် card ကို ဖြုတ်ပြီး အမျိုးအစားတူ motherboard မှာ တပ်ကြည့်ပြီးမှ အဲဒီစက်ပါ boot မတက်ရင် သေချာပေါက် memory card ပျက်ပါပြီ ။ ဒီလိုလေးစမ်းကြည့်ပါ memory card ရဲ့ အောက်ဆုံး အနားလေးတွေကို ခဲဖျက်နဲ့ ဟိုဘက်ဒီဘက် သေချာ ပွတ်တိုက်ပေးပြီး ပြန်တပ်ကြည့်ပါ တစ်ခါတစ်လေ ပြန်ကောင်းတတ်ပါတယ်။ သတိပြုရမှာက memory card ရဲ့ အောက်ဆုံး အနားလေးတွေမှာ တစ်ချို့အတုံးလေးတွေက မဲနေတတ်ပါတယ်။ ဒါဆို အဲဒီကတ်က ပျက်ဖို့ သေချာနေပါပြီ အဲလိုဖြစ်ရင် memory card အသစ်ကို ၀ယ်တပ်ပါလို့ အကြံပေးချင်ပါတယ်။ 
                                          Computer Memory Card's slots

                                  Memory Card ကို slot မှာတပ်ရင် လက်နှစ်ဖက်နဲ့
                           ဘေးနားက အဖြူရောင် ကလစ်လေးတွေ သေချာ ဖိတပ်ပေးရပါမယ်

Computer RAM အကြောင်းကို ပိုသိချင်ရင် ဒီမှာ ဖတ်ရှုပါ
 

0 comments:

Post a Comment

 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India