Follow Now......!

Sunday, June 17, 2012

Computer Operating System ဘယ်ဟာ ရွေးမလဲ?


Computer Operating System
Microsoft Windows VS Apple Mac OS VS Linux

ကွန်ပျူတာ လည်ပတ်ရေးစနစ် (OS) ကို ဘယ်ဟာ ရွေးချယ်ကြမလဲ?
ကွန်ပျူတာ သုံးစွဲသူတိုင်းဟာ OS(Operating System) ကိုသိကြမှာပါ။ OS ဆိုတာ ကွန်ပျူတာ လည်ပတ်စေဖို့အတွက် ရေးသားထားတဲ့ ဆော့ဝဲအစုအဝေးပါဘဲ။ ကျွန်တော်တို့ အများဆုံး လက်ရှိသုံးနေတာ Microsoft Windows စနစ်ပါ သူနဲ့ မကင်းနိုင်ကြပါဘူး၊ Windows မဟုတ်ဘဲ တခြား OS များမရှိဘူးလား ရှိပါတယ်၊ လက်ရှိ မိုဘိုင်းဖုန်းမှာ လူတွင်ကျယ်ကြီး လုပ်နေတဲ့ Apple Inc., ရဲ့ Desktop OS Mac OS  နဲ့ အလကား အသုံးပြုခွင့်ပေးတဲ့ Linux တို့ဟာ နာမည်ကြီး Computer လည်ပတ်ရေးစနစ်တွေပါဘဲ။ ကျွန်တော်တို့မသိသေးတဲ့ တခြား လည်ပတ်ရေးစနစ်တွေလည်း ရှိဦးမှာပါ။ ကျွန်တော် ဆရာကြီးလုပ်ပြီးပြောတာ မဟုတ်ပါဘူး ကျွန်တော်သိထားတာလေးတွေကို ပြောပြတာပါ

Microsoft Windows OS
မိုက်ကရိုဆော့ ရဲ့Windows စနစ် ကြီးဟာ ကျွန်တော်တို့နဲ့ တိုင်းပြီး ချုပ်ထားတဲ့ အ၀တ်တစ်ခုလိုဖြစ်နေပါပြီ။ သုံးရတာလည်း အံကျဘဲ ပြီးတော့ သူ့အတွက် ဂိမ်းတွေနဲ့ ဆော့ဝဲတွေ အစုအပြုံလိုက် ရှိပါတယ်။ ကွန်ပျူတာသုံးနေတဲ့ ကလေးတစ်ယောက်တောင် အင်္ဂလိပ်စာ ကောင်းကောင်းမဖတ်တတ်ဘဲ ၀င်းဒိုးကြီးကို  ကောင်းကောင်းမွန်မွန် သုံးတတ်ပါတယ်။ ဘာကြောင့်မို့လို့ မိုက်ကရိုဆော့ ၀င်းဒိုးကြီးကို ဒီလောက်လူသုံးများတာလဲ ရှင်းပါတယ် ၀င်းဒိုး အတွက် အသုံးဝင်တာရော အသုံးမ၀င်တဲ့ ဆော့ဝဲတွေဟာ မှိုလိုပေါနေလို့ပါ ၀င်းဒိုးဟာ သုံးစွဲရ လွယ်ကူတယ် ဒါဟာ သူ့အတွက် လူသုံးများတဲ့ အချက်ဖြစ်နေလို့ပါ။ ဒါပေမယ့် ၀င်းဒိုးဟာ လူသုံးများလာတဲ့ အလျောက် သူ့ကို တိုက်ခိုက်မယ့် virus တွေ malware တွေဟာ တစ်သီကြီး ပေါ်ထွက်လာတာဘဲ။ အဲဒီတော့ ၀င်းဒိုး စနစ်သုံးထားတဲ့ သာမန် users တွေဟာ ဗိုင်းရပ်စ် ကိုက်ခြင်းကို ခံလိုက်ရရင် မလိုအပ်ဘဲနဲ့ သူ့ရဲ့ ၀င်းဒိုးစနစ်ဟာ ပျက်စီးခြင်းကို ရောက်သွားပါတယ် ဆိုလိုတာက တိုက်ခိုက်သူတစ်ယောက်ဟာ သူရေးထားတဲ့ ဗိုင်းရပ် ပရိုဂရမ်ကို အင်တာနက်ကနေ လွှင့်လိုက်တဲ့ အခါ သာမန်သုံးစွဲသူများ လက်ထဲ ရောက်သွားပြီး အကျအန ဖျက်ဆီးခံရတော့တာပါဘဲ။ ဒါဟာ ၀င်းဒိုး အသုံးပြုသူတွေအတွက် မကောင်းတဲ့ အချက်ပါဘဲ။ ဒီအချက်ကို ခေါက်ထားမယ်ဆိုရင်တော့ ၀င်းဒိုးစနစ်ကို ကောင်းကောင်းကြီး သုံးပျော်နိုင်ပါတယ်။

Apple Mac OS
Apple ရဲ့ OS Mac ဟာ သူရဲ့ device(စက်) ပေါ်မှာဘဲ သုံးစွဲနိုင်ပါတယ် ဈေးကြီးလွန်းတာရယ် ၀င်းဒိုးလို ဆော့ဝဲတွေ ကျယ်ကျယ်ပြန့်ပြန့်မရှိတာတွေဟာ သူ့အတွက် လူသုံးနည်းစေတဲ့အချက်ပါဘဲ။ ဒါပေမယ့် သိရသလောက် သူ့ရဲ့ စနစ်ကို Video Editor သမားတွေ Vocalist တွေသာ လုပ်ငန်းသုံးဖို့အတွက် အသုံးပြုကြပါတယ်။နောက်ပိုင်း သူထုတ်မယ့် လည်ပတ်ရေးစနစ်အသစ် Mac OS X Mountain Lion လို့ခေါ်တဲ့ OS ကို သူ့ရဲ့ စက်တွေမှမဟုတ်ဘဲ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ၀င်းဒိုးစက်တွေပေါ်မှာ သုံးလို့ရနိုင်တယ်လို့ ဆိုထားပါတယ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါဘဲ။ ဒါပေမယ့် သူဟာ လုံခြုံရေးပိုင်းမှာတော့ မိုက်ကရိုဆော့ရဲ့ ၀င်းဒိုးထက် လုံခြုံတယ်လို့သိထားပါတယ်။ လူတွေဟာသူ့ကို ၀င်းဒိုးလောက် အသုံးမပြုကြဘူးဆိုတာတော့ မငြင်းနိုင်တဲ့အချက်တစ်ခုပါဘဲ။

Linux OS
Linux ဟာ ကျွန်တော်တို့နဲ့ စိမ်းနေပါသေးတယ်။နိုင်ငံခြားမှာတော့ တွင်တွင်ကျယ်ကျယ်ကြီး သုံးနေကြပါပြီ။ Linux ဆိုတာ ကျွန်တော်သိရသလောက် သူဟာ Open Source ပါ။Linux မှာ သူ့ရဲ့ အမျိုးတွေ အများကြီးရှိပါတယ် အဲဒီထဲမှာ လူသုံးများတာ သူ့ရဲ့ အမျိုးကွဲ Ubuntu ပါ။ Ubuntu ဟာ သုံးစွဲရ လွယ်ကူတယ် လုံခြုံတယ် တည်ငြိမ်တယ် ၀င်းဒိုးမှာ တိုက်ခိုက်တဲ့ ဗိုင်းရပ်တွေဟာ သူ့အပေါ်မှာ အလုပ်မလုပ်နိုင်ပါဘူး ဒါဟာ သူ့ကိုသုံးဖို့ အလွန်ကောင်းတဲ့ အချက်ဘဲဖြစ်ပါတယ်။Ubuntu က ဘာတွေထူးခြားလို့လဲ သူဟာ အလကားရဲတဲ့အတွက် Developer(Programmer) တွေဟာ သူ့ရဲ့ လည်ပတ်ရေးစနစ်ကို ကိုယ်ကြိုက်သလို ပြုပြင်သုံးစွဲနိုင်ပါတယ်။ သဘောက Linux ဟာ ရေလုံပြုတ်ချက်ထားတဲ့ အာလူးဟင်းလိုပါဘဲ ကိုယ်ကြိုက်တဲ့ မာဆလာ၊ဆား၊ကြက်သွန် စတာတွေကို စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။ ဒီလိုပါဘဲ Linux စနစ်ကို ပိုကောင်းသထက်ကောင်းလာအောင် ကိုယ်စိတ်ကြိုက် လွတ်လပ်စွာ ဖန်တီးနိုင်ပါတယ်။ ဒါဟာလူတွေအတွက် ကြီးမားတဲ့ အခွင့်အရေးကြီးပါဘဲ ဒါမျိုးကို Windows နဲ့ Mac OS မှာ မရနိုင်ပါဘူး။ဒါကြောင့် နိုင်ငံခြားမှာ Free ရတဲ့ Linux ကို လူသုံးများတာပါဘဲ။ ကျွန်တော်တို့လဲ Linux ကိုသုံးသင့်ပါတယ် သူအကြောင်းလေ့လာလို့ရမယ့် Website တွေကို ဖော်ပြပေးလိုက်ပါတယ် http://ubuntummguide.wordpress.com



Tuesday, April 10, 2012

Protected Folder Full Version

Iobit Protected Folder ဆော့ဝဲက ကိုယ်မလိုချင်တဲ့ Folders တွေ Files တွေကို password နဲ့ ၀ှက်ထားပေးတာပါ ၊ သူများ ကိုယ့်စက်ကို လာဖွင့်ရင်လဲ ဖွက်ထားတဲ့ Folders တွေက password ခံထားတာမို့လို့ လွယ်လွယ်ဖွင့်လို့မရပါဘူး ဆော့ဝဲကို စက်ထဲကနေဖြုတ်ရင် password တောင်းပါတယ် မသိရင်ဖြုတ်လို့ မရပါဘူး  ၊ ဒီဆော့ဝဲက တော်တော်ကောင်းပါတယ် ဒီမှာ ယူပါ

Wednesday, April 4, 2012

USB Safely Remove v5 final

USB Safely Remove က windows 7 မှာ removal drive ဖြုတ်တဲ့နေရာမှာ ကြာတာကို ဖြေရှင်ပေးပါတယ် Removal Drive ဖြုတ်တဲ့နေရာမှာ စိတ်မရှည်တဲ့ လူတွေအတွက် အကောင်းဆုံးပါ  မြားပေါ်လေး ထောက်ပြီး ကလစ်ပေးရုံနဲ့ အလွယ်တစ်ကူ flash drive က windows ကနေပြုတ်သွားမှာပါ hidden လုပ်ထားတဲ့ devices တွေကို ဖော်ပြပေးထားပါတယ် ဒီဆော့ဝဲကို ကွန်ပျူတာဆိုင်များ စာစီစာရိုက်ဆိုင်များ အသုံးပြု သင့်ပါတယ်  
Mediafire Passowrd = spider


Saturday, March 31, 2012

Android OS 4 ကို Laptop မှာ တင်သုံးခြင်း

Android စနစ်ကို ကွန်ပျူတာ ပလက်ဖောင်းမှာ အလုပ်လုပ်ဖို့ တီထွင်ခဲ့ကြပါတယ်၊ Android ကို တင်သုံးပြီးတဲ့နောက်မှာ ကျွန်တော်တို့ wifi ရတဲ့ cafe လိုနေရာမျိုးသွားသုံးတဲ့ အခါ လူများနဲ့ မတူဘဲ ဟောလီးဝုဒ်ကားတွေထဲက ကွန်ပျူတာတွေလို ဒီဆိုင်းက အပျံစားဖြစ်နေမှာ ပြီးတော့ သူ့ရဲ့ music player ကလည်း အလွန်ကြည့်လို့ကောင်းတယ် wifi,bluetooth ရတယ် ခက်တာက cd ကနေ တက်ထားတယ်ဆို သွင်းထားဆော့ဝဲတွေက နောက်တစ်ခါ စနစ်ကို ပြန်စလိုက်ရင် မရှိတော့ပါဘူး ဟာ့ဒစ်ထဲ သွင်းထားရင် ဒီလိုမျိုးမဖြစ်တော့ပါဘူး၊ အဲဒီတော့ စမ်းသုံးကြည့်လိုက်ရအောင် အရင်ဆုံး စနစ်တစ်ခုလုံးကို ဒေါင်းလော့ဆွဲဖို့ ဒီမှာ နှိပ်ပါ၊ ပြီးရင် ဒေါင်းထားတဲ့ iso ဖိုင်ကို ကွန်ပျူတာကနေ boot တက်ရန်လုပ်ဖို့ UNetbootin ဆိုတဲ့ ဆော့ဝဲကို ဒီမှာ ဆွဲပြီး install လုပ်ပါ၊ Unetbootin ကိုဖွင့်ပါ အောက်မှာ ပုံနဲ့ရှင်းပြထားပါတယ်

ဆွဲထားတဲ့ iso ဖိုင်ကို ရွေးပေးပါ Type မှာ CD or Memory Stick နှစ်သက်ရာရွေးပါ
Typer မှာ CD ရွေးထားရင် CD အလွတ်တစ်ချပ် ထည့်ပြီး ဆက်လုပ်ပါ
Memory Stick ဆိုရင် Format ရိုက်ထားပါ
ပြီးသွားရင် exit ပေးပြီး စက်ကို shutdown လုပ်ပါ


ပါဝါဖွင့်ပြီးရင် ကီးဘုတ်ကနေ F2 or F12 နှိပ်ပြီးရင် boot ကနေ cd or usb stick 
ကိုယ်ရွေးထားတာကို ပေးပြီး  F10 နှိပ်ပြီး yes ပေးပါ ဒါဆို boot တက်သွားမယ်


ဒီနေရာမှာ cd ကနေ တက်မယ်ဆို ရပါတယ် စနစ်ကို တစ်ခါတည်းသွင်းချင်ရင်
 အောက်ဆုံးက install to hard disk လို့ရွေးပေးလိုက်ပါ ကျွန်တော်က အပေါ်ဆုံးက
စာတန်းဘဲရွေးပါမယ်၊ enter ခေါက်ပြီး ခဏစောင့်ပါ
ကွန်ပျူတာက လန်းသွားပြီ







Android Software,Game တွေကို Computer နဲ့ Install လုပ်ခြင်း

အခု Android Applications တွေကို PC Suite နဲ့ install လုပ်နည်းပြောမှာပါ တစ်ချို့တွေကလည်း တော်တော်သိနေပါပြီ၊ မသိသေးတဲ့လူတွေအတွက် တင်ပြပေးလိုက်ပါတယ်၊ Google ရဲ့ လည်ပတ်ရေး စနစ်က လူသုံးများလာပါပြီ အဲဒီတော့ ဂိမ်းတွေ ဆော့ဝဲတွေကို ကိုယ်တိုင်သွင်းတတ်အောင် ကြံကြမှာပါ၊ အရင်ဆုံး 91 Panda for Android ဆိုတဲ့ ဆော့ဝဲကို ဒီမှာ သွားဒေါင်းပါ ပြီးရင် Install လုပ်ပါ ပြီးရင် desktop ပေါ်က သူ့ရဲ့ shortcut ကို right click ထောက်ပြီး run as administrator (for windows 7) နဲ့ဖွင့်ပါ၊ ဖုန်းနဲ့ computer မချိတ်ခင်မှာ အရင်ဆုံး ဖုန်းထဲက setting>application>development> usb debugging ကို အမှန်ခြစ်ပေးထားပါ အောက်မှာ ပုံနဲ့ ရှင်းပြထားပါတယ်

             Unkown sources မှာ အမှန်ခြစ်ထားပါ
91 Panda PC Suite ရဲ့ language မှာ English ပြောင်းထားပါ၊ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်တဲ့အခါ
Install Driver လို့ပေါ်လာရင် Install လို့ပေးလိုက်ပါ
 ဒါဆိုရင် ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်သွားပါပြီ
ဆော့ဝဲသွင်းရန် အနီရောင်ကို နှိပ်ပါ

သွင်းထားတဲ့ ဆော့ဝဲကို ပြန်ဖြုတ်ချင်ရင် ဖြုတ်ချင်တဲ့ဆော့ဝဲကို select မှတ်ပြီး ပြန်ဖြုတ်ပါ
ကျန်တဲ့ function တွေကိုတော့ ကိုယ်တိုင်လေ့လာကြည့်ပါ

Saturday, March 24, 2012

Gmail အကောင့်အသစ်ဖောက်ခြင်း 2012 II

ကျန်ခဲ့တဲ့နှစ်က Gmail အကောင့်အသစ်လုပ်ဖို့ဆိုရင် ခက်ပါတယ် ဒီနှစ်မှာတော့ လွယ်သွားပါပြီ ကျွန်တော် အရင် တုန်းက Gmail အကောင့်အသစ် လုပ်နည်း 2012 I တင်ခဲ့ပါသေးတယ် အခု လုပ်နည်းအသစ်တွေ့ထားပါတယ် လွယ်လွယ်လေးပါ ပထမဆုံး https://mail.google.com ကိုသွား ပြီးရင် အပေါ်က Create An Account ကိုနှိပ်ပါ၊ ရောက်သွားပြီဆိုရင် 
1.Name မှာ နာမည်ကို မြန်မာလို
2.Username ကြိုက်တာပေး
3.Male,Female အထိပေးသွားပါ
4.Mobile Phone No. ဆိုတဲ့နေရမှာ +95 ဆိုတဲ့နောက်ကနေ ကိုယ့်ဖုန်းနံပတ် ရှေ့က (09 ဖုန်းဆိုရင် 0 ကိုဖြုတ်ပြီး 9100xxxx ) ဖြည့်သွားပါ ဒါဆို +9599100xxxx ပေါ့
5.ကျန်တဲ့ ဟာတွေဖြည့်သွားပါ
6.Security Code ကို မှန်အောင်ရိုက်ပါ
7.Location မှာ Myanmar ဘဲထားပေးပါ 
8.I agree to the Google Terms Of Service and Privacy Policy မှာ အမှန်ခြစ်ပေးပါ
9.အကုန်လုံး ဖြည့်ပြီးပြီဆိုရင် Next Step ဆိုတာကိုနှိပ်ပါ
10.ဒါဆိုရင် Welcome xxx@gmail.com ဆိုတာပေါ်လာပြီ အကောင့်အသစ်ရသွားပါပြီ
 




အဆင်ပြေကြပါစေ
 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India