Iobit Protected Folder ဆော့ဝဲက ကိုယ်မလိုချင်တဲ့ Folders တွေ Files တွေကို password နဲ့ ၀ှက်ထားပေးတာပါ ၊ သူများ ကိုယ့်စက်ကို လာဖွင့်ရင်လဲ ဖွက်ထားတဲ့ Folders တွေက password ခံထားတာမို့လို့ လွယ်လွယ်ဖွင့်လို့မရပါဘူး ဆော့ဝဲကို စက်ထဲကနေဖြုတ်ရင် password တောင်းပါတယ် မသိရင်ဖြုတ်လို့ မရပါဘူး ၊ ဒီဆော့ဝဲက တော်တော်ကောင်းပါတယ် ဒီမှာ ယူပါ
Tuesday, April 10, 2012
Wednesday, April 4, 2012
USB Safely Remove v5 final
USB Safely Remove က windows 7 မှာ removal drive ဖြုတ်တဲ့နေရာမှာ ကြာတာကို ဖြေရှင်ပေးပါတယ် Removal Drive ဖြုတ်တဲ့နေရာမှာ စိတ်မရှည်တဲ့ လူတွေအတွက် အကောင်းဆုံးပါ မြားပေါ်လေး ထောက်ပြီး ကလစ်ပေးရုံနဲ့ အလွယ်တစ်ကူ flash drive က windows ကနေပြုတ်သွားမှာပါ hidden လုပ်ထားတဲ့ devices တွေကို ဖော်ပြပေးထားပါတယ် ဒီဆော့ဝဲကို ကွန်ပျူတာဆိုင်များ စာစီစာရိုက်ဆိုင်များ အသုံးပြု သင့်ပါတယ်
Mediafire Passowrd = spider
Saturday, March 31, 2012
Android OS 4 ကို Laptop မှာ တင်သုံးခြင်း
Android စနစ်ကို ကွန်ပျူတာ ပလက်ဖောင်းမှာ အလုပ်လုပ်ဖို့ တီထွင်ခဲ့ကြပါတယ်၊ Android ကို တင်သုံးပြီးတဲ့နောက်မှာ ကျွန်တော်တို့ wifi ရတဲ့ cafe လိုနေရာမျိုးသွားသုံးတဲ့ အခါ လူများနဲ့ မတူဘဲ ဟောလီးဝုဒ်ကားတွေထဲက ကွန်ပျူတာတွေလို ဒီဆိုင်းက အပျံစားဖြစ်နေမှာ ပြီးတော့ သူ့ရဲ့ music player ကလည်း အလွန်ကြည့်လို့ကောင်းတယ် wifi,bluetooth ရတယ် ခက်တာက cd ကနေ တက်ထားတယ်ဆို သွင်းထားဆော့ဝဲတွေက နောက်တစ်ခါ စနစ်ကို ပြန်စလိုက်ရင် မရှိတော့ပါဘူး ဟာ့ဒစ်ထဲ သွင်းထားရင် ဒီလိုမျိုးမဖြစ်တော့ပါဘူး၊ အဲဒီတော့ စမ်းသုံးကြည့်လိုက်ရအောင် အရင်ဆုံး စနစ်တစ်ခုလုံးကို ဒေါင်းလော့ဆွဲဖို့ ဒီမှာ နှိပ်ပါ၊ ပြီးရင် ဒေါင်းထားတဲ့ iso ဖိုင်ကို ကွန်ပျူတာကနေ boot တက်ရန်လုပ်ဖို့ UNetbootin ဆိုတဲ့ ဆော့ဝဲကို ဒီမှာ ဆွဲပြီး install လုပ်ပါ၊ Unetbootin ကိုဖွင့်ပါ အောက်မှာ ပုံနဲ့ရှင်းပြထားပါတယ်
ဆွဲထားတဲ့ iso ဖိုင်ကို ရွေးပေးပါ Type မှာ CD or Memory Stick နှစ်သက်ရာရွေးပါ
Typer မှာ CD ရွေးထားရင် CD အလွတ်တစ်ချပ် ထည့်ပြီး ဆက်လုပ်ပါ
Memory Stick ဆိုရင် Format ရိုက်ထားပါ
ပြီးသွားရင် exit ပေးပြီး စက်ကို shutdown လုပ်ပါ
ပါဝါဖွင့်ပြီးရင် ကီးဘုတ်ကနေ F2 or F12 နှိပ်ပြီးရင် boot ကနေ cd or usb stick
ကိုယ်ရွေးထားတာကို ပေးပြီး F10 နှိပ်ပြီး yes ပေးပါ ဒါဆို boot တက်သွားမယ်
ဒီနေရာမှာ cd ကနေ တက်မယ်ဆို ရပါတယ် စနစ်ကို တစ်ခါတည်းသွင်းချင်ရင်
အောက်ဆုံးက install to hard disk လို့ရွေးပေးလိုက်ပါ ကျွန်တော်က အပေါ်ဆုံးက
စာတန်းဘဲရွေးပါမယ်၊ enter ခေါက်ပြီး ခဏစောင့်ပါ
စာတန်းဘဲရွေးပါမယ်၊ enter ခေါက်ပြီး ခဏစောင့်ပါ
Android Software,Game တွေကို Computer နဲ့ Install လုပ်ခြင်း
အခု Android Applications တွေကို PC Suite နဲ့ install လုပ်နည်းပြောမှာပါ တစ်ချို့တွေကလည်း တော်တော်သိနေပါပြီ၊ မသိသေးတဲ့လူတွေအတွက် တင်ပြပေးလိုက်ပါတယ်၊ Google ရဲ့ လည်ပတ်ရေး စနစ်က လူသုံးများလာပါပြီ အဲဒီတော့ ဂိမ်းတွေ ဆော့ဝဲတွေကို ကိုယ်တိုင်သွင်းတတ်အောင် ကြံကြမှာပါ၊ အရင်ဆုံး 91 Panda for Android ဆိုတဲ့ ဆော့ဝဲကို ဒီမှာ သွားဒေါင်းပါ ပြီးရင် Install လုပ်ပါ ပြီးရင် desktop ပေါ်က သူ့ရဲ့ shortcut ကို right click ထောက်ပြီး run as administrator (for windows 7) နဲ့ဖွင့်ပါ၊ ဖုန်းနဲ့ computer မချိတ်ခင်မှာ အရင်ဆုံး ဖုန်းထဲက setting>application>development> usb debugging ကို အမှန်ခြစ်ပေးထားပါ အောက်မှာ ပုံနဲ့ ရှင်းပြထားပါတယ်
Unkown sources မှာ အမှန်ခြစ်ထားပါ
91 Panda PC Suite ရဲ့ language မှာ English ပြောင်းထားပါ၊ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်တဲ့အခါ
Install Driver လို့ပေါ်လာရင် Install လို့ပေးလိုက်ပါ
ဒါဆိုရင် ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်သွားပါပြီ
ဆော့ဝဲသွင်းရန် အနီရောင်ကို နှိပ်ပါ
သွင်းထားတဲ့ ဆော့ဝဲကို ပြန်ဖြုတ်ချင်ရင် ဖြုတ်ချင်တဲ့ဆော့ဝဲကို select မှတ်ပြီး ပြန်ဖြုတ်ပါ
ကျန်တဲ့ function တွေကိုတော့ ကိုယ်တိုင်လေ့လာကြည့်ပါ
Saturday, March 24, 2012
Gmail အကောင့်အသစ်ဖောက်ခြင်း 2012 II
ကျန်ခဲ့တဲ့နှစ်က Gmail အကောင့်အသစ်လုပ်ဖို့ဆိုရင် ခက်ပါတယ် ဒီနှစ်မှာတော့ လွယ်သွားပါပြီ ကျွန်တော် အရင် တုန်းက Gmail အကောင့်အသစ် လုပ်နည်း 2012 I တင်ခဲ့ပါသေးတယ် အခု လုပ်နည်းအသစ်တွေ့ထားပါတယ် လွယ်လွယ်လေးပါ ပထမဆုံး https://mail.google.com ကိုသွား ပြီးရင် အပေါ်က Create An Account ကိုနှိပ်ပါ၊ ရောက်သွားပြီဆိုရင်
1.Name မှာ နာမည်ကို မြန်မာလို
2.Username ကြိုက်တာပေး
3.Male,Female အထိပေးသွားပါ
4.Mobile Phone No. ဆိုတဲ့နေရမှာ +95 ဆိုတဲ့နောက်ကနေ ကိုယ့်ဖုန်းနံပတ် ရှေ့က (09 ဖုန်းဆိုရင် 0 ကိုဖြုတ်ပြီး 9100xxxx ) ဖြည့်သွားပါ ဒါဆို +9599100xxxx ပေါ့
5.ကျန်တဲ့ ဟာတွေဖြည့်သွားပါ
6.Security Code ကို မှန်အောင်ရိုက်ပါ
7.Location မှာ Myanmar ဘဲထားပေးပါ
8.I agree to the Google Terms Of Service and Privacy Policy မှာ အမှန်ခြစ်ပေးပါ
9.အကုန်လုံး ဖြည့်ပြီးပြီဆိုရင် Next Step ဆိုတာကိုနှိပ်ပါ
10.ဒါဆိုရင် Welcome xxx@gmail.com ဆိုတာပေါ်လာပြီ အကောင့်အသစ်ရသွားပါပြီ
အဆင်ပြေကြပါစေ
နောက်ဆုံးထွက် Angry Bird Space PC
အသစ်ထွက် Angry Bird Space ဂိမ်းထွက်လာပါပြီ ဒီဂိမ်းက သွင်းပြီးတန်းဆော့ရုံပါဘဲ၊ ပါဝင်တဲ့ အသစ်တွေကတော့ New Levels, Brand New Birds, New Superpower and Space တဲ့ ငှက်တွေက မျက်မှန်တွေနဲ့ ၀က်တွေကလည်း မှန်လုံ ဦးထုပ်တွေနဲ့ဖြစ်ကုန်ပြီ အာကာသမှာ သွားဆော့ရမှာ အရင် ဂိမ်းတွေနဲ့ ကွဲသွားတာက ငှက်ပစ်လိုက်ရင် ၀က်ရှိတဲ့ ဂြိုလ်ထဲရောက်မှ Gravity ရှိတာ ဒီတိုင်းပစ်လိုက်ရင် အာကာသထဲ လွှင့်သွားတယ် ကောင်းမကောင်း စမ်းသာ ဆော့ကြည့်ကြပါ Key တောင်းရင် ဒီဟာ (FULL-GAME-SOFT-WARE) ရိုက်ပေးပါ ဂိမ်းကို ဒီမှာ ယူပါ


11:22 AM
Bo Sunny Lwin


















