Follow Now......!

Tuesday, March 6, 2012

2012 Free Anti-virus

2012 ရဲ့ အကောင်းဆုံး Free Anti-virus က AVG နေမှာ သူက အလကားပေးတဲ့နေရာမှာတော့ ကမ်းကုန်ဘဲ။ Free ထဲမှ ကျွန်တော်ကြိုက်တာက Avira ဗျ သူက ဗိုင်းရပ်တွေ့ရင် အသေကို ဗျင်းတော့တာဘဲ။ မနှစ်က ကျွန်တော့်ကွန်ပျူတာ ၀င်းဒိုးတင်ပြီး တစ်ပတ်လောက်နေရင် ပြုတ်ကျလိုက်နဲ့ ခဏခဏဖြစ်နေတာ Task Manger ထဲ သွားကြည့်တော့  ဖိုင်တစ်ခုက CPU ကို 100% သုံးနေတာတွေ့တယ်။ အဲဒါနဲ့ စက်လေးတယ်ဆိုပြီး end process ပေးလိုက်တာ စက်ကို တက်မလာတော့ဘူး။ အဲဒီကတည်းက ဗိုင်းရပ်လို့ထင်သွားတယ် အဲဒါ ဗိုင်းရပ်ဟုတ်တယ် ၀င်းဒိုး တင်တော့ပါလာတာ ဒါနဲ့ Antivirus တစ်ခုလောက် ထည့်ပြီး ဗျင်းလိုက်မှ စနစ်က ပုံမှန်အတိုင်းပြန်ဖြစ်သွားတာ။ ကိုယ့်လူတို့အနေနဲ့ Antivirus တစ်ခုလောက် ထည့်ထားသင့်တယ် ဗိုင်းရပ်က လူရွေးနေမှာမဟုတ်ဘူး ။ မြန်မာပြည်က လူအများစု က Antivirus ဆို Kaspersky ကို အသေကြိုက်ကြတယ် ဘာကြောင့်လဲမသိဘူး လိုင်စင်ကလည်း ခဏခဏ ထည့်ပေးနေရတယ် ကျွန်တော်က Kaspersky ကို မျက်စိနောက်လို့မသုံးဘူး အဲတော့ အလကားရတာဘဲသုံးတယ် Avast Free v7 ကလည်း နာမည်ကြီးဘဲ free ပေးတဲ့ Avira တို့ AVG တို့နဲ့ ပိန်မသာ လိန်မသာဘဲ ဒီနှစ်ကတော့ Avast နဲ့ ခရီးသွားဦးမှာဘဲ သုံးမျိုးစလုံး သူ့ဟာနဲ့သူ ကောင်းပါတယ် စိတ်ဝင်စားရင် အောက်ကနေ ဒေါင်းလိုက်ကြပါ


0 comments:

Post a Comment

 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India