Follow Now......!

Tuesday, March 20, 2012

MP4,Memory Card မှာ Folder မပေါ်ဘူးဆိုရင်

MP4,Memory Card မှာ Folder တွေဆို တခါတလေမှာ ပျောက်နေတတ်တယ် အများဆုံးက ဗိုင်းရပ် ကိုက်တာဘဲ Folder တွေကို Hidden လုပ်လိုက်တယ် တခြား shortcut တွေလာထားတယ် format ရိုက်ရင်ရိုက် မဟုတ်ရင် command ရိုက်ပြီး ဖြေရှင်းရမှာဘဲ command ရိုက်တာက လူကြီးတွေ အလုပ်ပါ ကျွန်တော်တို့လို လူငယ်တွေအတွက် command က ပျင်းစရာကြီးကို ဟီး၊ အရင်ဆုံး folder မပေါ်တဲ့ MP4,Memory card ကို ချိတ်ပါ သူ့ရဲ့ drive letter ကို မှတ်ပါ (eg F:,G:,H:) ပြီးရင် windows key (Ctrl နဲ့ Alt ကြားကခလုတ်) နဲ့ R ကိုနှိပ် cmd ရိုက် enter ခေါက် command ပေါ်လာရင် ကိုယ့်ရဲ့ device letter ကို ရိုက်ပါ ဥပမာ ( F: ) enter ခေါက်၊ နောက်တစ်ကြောင်းဆင်းသွားရင် ဒီလို ( F: attrib -h -r -s ) ရိုက်ပါ ဒါဆိုရင် ပျောက်နေတဲ့ folder တွေ ပြန်ပေါ်လာပြီ အဲဒါမှ မရရင် ( F: dir ) လို့ ရိုက် ဒါဆို သူ့ဖျောက်ထားတဲ့ folder တွေ command မှာပေါ်လာမယ်၊ ပြီးရင် ( F: attrib -h -r -s MUSIC) လို့ရိုက်ပါ ဒါဆိုရင် ပေါ်လာပါပြီ၊ folder တွေကို command နဲ့ ဖွင့်ချင်ရင် ( F: explorer MUSIC ) enter ခေါက် ပေါ်လာပြီ မရှင်းရင် ပုံကြည့်ပါ
 Windows + R > cmd > OK

 No 3. ကြောင်းမှာ atrrib -h -r -s နှိပ်ပြီးရင် space တစ်ချတ်ပုတ် TAB တစ်ချက်ခုန်ပါ 
ကျွန်တော့်ဆီမှာ MUSIC လို့ ပေါ်နေပေမယ့် မိမိတို့စက်မှာ တစ်ခြားနာမည် ပေါ်နိုင်ပါတယ်
ကျန်တာကတော့ TAB တစ်ချက်စီ ခုန်သွားပါ ထုံးစံအတိုင်း Enter ပေါ့
Folders တွေကို command နဲ့ဖွင့်ချင်ရင်  explorer space တစ်ချက်ပုတ် TAB ခုန် ပြီးတော့ Enter
 

ပုံမှာပျောက်နေတဲ့ Folders တွေ ပေါ်လာပါပြီ

0 comments:

Post a Comment

 
Design by Bo Sunny Lwin | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India